ဗြိတိန် တော်ဝင်မင်းသမီး Kate Middleton ဟာ ကလေးငယ်များ အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သတိပေး ရက်သတ္တပတ် အစီအစဉ် ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။
မင်းသမီးဟာ ကလေး ငယ်တွေ ကို အနိုင်ကျင့်ခြင်း နဲ့ အကြမ်းဖက်ခြင်းတွေကို ကန့်ကွက်တဲ့ စကားတွေကိုလည်း ထိုအစီအစဉ် အတွင်းပြော ကြားပေးခဲ့ပါသေးတယ်။
“ကျွန်မနဲ့ မင်းသား William ဟာ ငယ်ရွယ်တဲ့ လူတွေအများကြီးရဲ့ အနိုင်ကျင့် ခံနေရတာတွေ ၊ အကြမ်း ဖက်ခံရတာတွေ ၊ မိသားစုပြို ကွဲမှုတွေနဲ့ အခြားအရာတော်တော်များများကို တွေ့ခဲ့ပြီးပါပြီ။” လို့ သူမက ဆိုပါတယ်။
မိဘတွေနဲ့ သားသမီးတွေကြားက အဓိက အားနည်းချက်က လိုအပ်တဲ့ အကူအညီအတွက် ပွင့်ပွင့်လင်း လင်းတောင်းဆိုနိုင် ဖို့ဖြစ်ပြီး ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးကြီးပဲ တူညီတဲ့ အထောက်အပံ့တွေ ရသင့်တယ်လို့ Kate Middleton ကဆို ပါတယ်။
လက်ရှိမှာ ဗြိတိန် တော်ဝင်မင်းသမီး Kate Middleton ဟာ ဒုတိယမြောက် ရင်သွေးလေးကို လွယ်ထားရပါတယ်။
Credit : http://www.starpulse.com/news