Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Katy Perry တစ်ယောက် John Mayer ရဲ့ ရင်သွေးလေးကို လွယ်ထားရပြီလား??

Katy Perry တစ်ယောက် John Mayer ရဲ့ ရင်သွေးလေးကို လွယ်ထားရပြီလား??

| No comment

OK မဂ္ဂဇင်းရဲ့ ရေးသားချက်အရ Katy Perry ဟာ John Mayer ရဲ့ ရင်သွေးလေးကို လွယ်ထားရပါပြီတဲ့။ လူကြိုက်များလှတဲ့ ဒီသတင်းစာရဲ့ ဖော်ပြချက်အရ မကြာခင်ကမှ ပြန်လည်အဆင်ပြေနေကြတဲ့ Perry နဲ့ ဂစ်တာပညာရှင်တို့ဟာ ဒီသတင်းနဲ့ပါတ်သက်ပြီး အထူးကိုပျော်ရွှင်နေကြတာပါတဲ့။ မျက်နှာဖုံးမှာတော့ “ အံ့သြ၀မ်းသာနေကြတဲ့ John နဲ့ Katy : Katy ရဲ့ ရင်သွေးလေး ! ဆောင်းဦးရာသီရဲ့ မင်္ဂလာပွဲ အစီအ စဉ်။ ပြောင်း လဲသွားတဲ့ John “ လို့ စာလုံး မည်းကြီးတွေနဲ့ ဖော်ပြထားပါတယ်။
 Mayer ကို ပြီးခဲ့တဲ့ လ Katy ရဲ့ အမေရိကန်ဘောလုံး ကစားပွဲ အောင်ပွဲခံဖျော်ဖြေမှုမှာ ကတည်း က တွေ့ခဲ့ ရတာဖြစ်ပေမယ့် မင်္ဂလာပွဲ နဲ့ ကလေးလေး အကြောင်း ကောလဟာလတွေကိုတော့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အတည်ပြုနိုင်မှုကတော့ နည်းနေပါသေးတယ်။
 မဂ္ဂဇင်းရဲ့ ပြောရေး ဆိုခွင့် ရှိသူတစ်ဦးကတော့ “ ဒါဟာ မတူညီတဲ့ အချိန်တစ်ခုဖြစ်ပါတယ်.. သူတို့နှစ်ဦး စလုံး ဟာ ပြောင်းလဲသွားကြတာတော့ အမှန်ပါ။ပြီးတော့ တစ်နှစ်လောက် နေတဲ့ အခါ သူတို့ ဘာဖြစ်ချင်တယ်ဆိုတာ သူတို့ကိုယ်တိုင် နားလည် သဘောပေါက် လာကြပုံပါပဲ “ လို့ ပြောကြားထားပါတယ်။ တစ်ချို့သတင်းတွေကတော့ Katy Perry ကတော့ ကိုယ်ဝန် လွယ်ထားရတဲ့ သတင်းနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့ကြောင်းကို “ သူအနေနဲ့ ကိုယ်ဝန်ဆောင် ဖို့ကိစ္စကို အခု စဉ်းတောင်မစဉ်းစားနိုင်ပါဘူး။ သူဟာ သူရဲ့ ကမ္ဘာလှည့် ဖျော်ဖြေမှုအတွက် အလုပ်ရှုပ်နေတာပါ “ လို့ ဖော်ပြထားပါတယ်။
 Perry ကတော့ ကောလဟာလတွေ ကနေ ရှောင်ရှားချင်ပုံရပါတယ်။ သူရဲ့ Twitter အကောင့် မှာ ဖေဖော် ၀ါရီ ၁၈ ရက်နေ့ကတင်ခဲ့တဲ့ ပိုစ့်မှာ “ ကျွန်မအခုပဲ အရင်ကသွားလည်ခဲ့ ဖူးတဲ့ ပြတိုက်က အငွေ့အသက်တွေ နဲ့ တူတဲ့ ၀ိုင်စမ်းသောက်ခဲ့ပါတယ် ။ italiansdoitbetter “ လို့ ရေးသားထားခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news