Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Kristen Stewart တစ်ယောက်ကတော့ ”Twilight” ရုပ်ရှင်ဇာတ်ကား အတွက် အထူး ဂုဏ်ယူမိပါတယ်တဲ့

Kristen Stewart တစ်ယောက်ကတော့ ”Twilight” ရုပ်ရှင်ဇာတ်ကား အတွက် အထူး ဂုဏ်ယူမိပါတယ်တဲ့

| No comment

Interview မဂ္ဂဇင်း ရဲ့ တွေ့  ဆုံမေးမြန်းခန်း မှာတော့ Kristen Stewart ဟာ စကားကို ကွေ့ပတ်ပြောမနေဘဲ သူ့ကို မုန်းနေသူတွေ ကို တိုက်ရိုက်ပဲ ဖြေကြား ခဲ့တဲ့ စကားကတော့ သူဟာ “Twilight” ဇာတ်ကားနဲ့ ပါတ် သက် ပြီး အထူးတလည် ဂုဏ်ယူမိတယ် ဆိုတာပါပဲ။ “ သာမန် မိန်းကလေး တစ်ယောက် က သွေး စုတ် ဖုတ်ကောင် နဲ့ ချစ်ကြိုက်ကြတဲ့ ဇာတ်လမ်း တစ်ပုဒ်မှာ သရုပ်ဆောင်ခဲ့တယ်..အဲ့ဒါ နဲ့ပဲ ရှင်တို့တွေက သူ့ကို အမြဲတမ်း ဒီပုံအတိုင်း သရုပ်ဆောင်နေမယ့် မင်းသမီးကို ကြည့်ချင်ကြတာလား။
 သဘောက ကျွန်မ ဟာ တကယ့် အစစ်အမှန်အတိုင်း သရုပ်ဆောင်နိုင်ခဲ့လို့ မဟုတ်ဘူးလား “ လို့ မဂ္ဂဇင်းရဲ့ အင်တာဗျူး အစီအ စဉ်မှာ တွေ့ဆုံမေးမြန်းသူ ရော့ကာကြီး Patti Smith ကို ရယ်မောပြောဆို ခဲ့ပါတယ်။
 “ Twilight အကြောင်းပြောချင်ကြတဲ့ ဘယ်သူနဲ့မဆို ကျွန်မ ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ ဒီဇာတ်ကားဟာ အချိန် အကြာကြီးယူပြီး ကြိုးစားခဲ့ကြရတာပါ။ ပြီးတော့ ကျွန်မတို့အားလုံး စီးမျောခံစားရင်း စိတ်ရော ကိုယ် ပါ နှစ်မြုပ်သရုပ်ဆောင်ခဲ့တာတွေဟာ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ ကျွန်မဟာ ဒီနေ့ဒီ အချိန်အ ထိ တောက်လျှောက် မှာ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အထူးဂုဏ်ယူခဲ့ပါတယ်။
 ကျွန်မရဲ့ တကယ့်အကောင်းဆုံး အမှတ်တရတွေလည်း ဖြစ်ပါတယ် “ လို့ ပြောသွားပါတယ်။ မင်းသမီးဟာ ဒီအောင်မြင်ကျော်ကြားလှတဲ့ ဇာတ်ကားတွဲတွေကြောင့် သူဟာ မင်းသမီးတစ်လက်ဖြစ်လာတယ်လို့ မှတ်ယူထားပုံရပါတယ်။ ဒီနေ့မှာတော့ သူ့ဘ၀ရဲ့ မတူညီတဲ့ စိတ်ခံစားချက်တွေ အတွေ့ကြုံတွေကို အကြောင်းကို ရင်ဖွင့်သွားခဲ့ပါတယ်။ “ လူတွေက “Twilight “ ဇာတ်ကားနဲ့ပဲ အမြဲနှိုင်းယှဉ်ပြီး ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေ၊ ကျွန်မရဲ့ ရပ်တည်မှုတွေအားလုံးကို ဝေဖန်ဖို့ကြိုးစားနေကြပါတယ်။ 
ကျွန်မရိုက်ကူးခဲ့တဲ့ ရုပ်ရှင်အားလုံးဟာ တစ်ခုနဲ့တစ်ခု နည်းနည်းတော့ ချိတ်ဆက်နေကြပါတယ်။ ဘာလို့လဲ ဆိုတာ ဒါဟာကျွန်မရဲ့ ကိုယ်ပိုင် ကြီးပြင်းမှုရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်နေလို့ပါ။ ကျွန်မ အထင်တော့ သ ရုပ်ဆောင်   တော်တော် များများဟာ ဒါကို အများကြီး ဖုံးကွယ်ထားလို့မ ရပါဘူး။ ရှင်ဟာ အ လုပ်ကောင်းကောင်းလုပ်နေ တယ်  ဆိုရင်. တစ်စုံ တစ်ယောက်ကို သင့်ရဲ့ တစ်စိတ် တစ်ဒေသ ကို ပြသနေ ပြီ ဖြစ်ပါတယ်။ “ Still Alice “ နဲ့ “ Sils Maria “ တို့နဲ့ပတ်သက်ပြီး Twilight ဟာ ဘာမှမဟုတ် ဘူးလို့ ပြော လို့မရပါဘူး.. သူတို့ တစ်ဦးနဲ့ တစ်ဦး လုပ်ဆောင်ချက် အားလုံးဟာ ကျွန်မရဲ့ ဖြစ်တည် မှုတွေပဲ ဖြစ်ပါတယ် ” လို့ Stewart က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news