Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Lady Gaga တစ်ယောက် သူရဲ့ရည်းစားဖြစ်သူ Taylor Kinney နဲ့ စေ့စပ်လိုက်ပါပြီ

Lady Gaga တစ်ယောက် သူရဲ့ရည်းစားဖြစ်သူ Taylor Kinney နဲ့ စေ့စပ်လိုက်ပါပြီ

| No comment

Lady Gaga စေ့စပ် လိုက်ပါပြီတဲ့! ဒီနှစ် ချစ်သူများနေ့ ဟာ နာမည်ကျော် အဆိုတော်၊ သီချင်းရေးဆရာ၊ ဖက်ရှင် လောကရဲ့  ဦးဆောင်သူ တစ်ဦး ဖြစ်တဲ့ Lady Gaga အတွက် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ Gaga ရဲ့ ချစ်သူဖြစ်သူ Taylor Kinney ဟာ ဒီပိတ်ရက်မှာ ဒူးထောက်ကာ လက်ထပ် ခွင့်တောင်းခဲ့တာဖြစ်ပြီး သူကလည်း ခေါင်းညိတ်ခဲ့ ပါသတဲ့။ 
Us Weekly က ဒီသတင်းကို ပထမဆုံး ဖော်ပြခဲ့ပေမယ့် Gaga ကတော့ နောက်ပိုင်းမှ သူကိုယ်တိုင် အတည်ပြုပေး ခဲ့တာ ဖြစ်ပြီး Instagram မှာ သူရဲ့ စေ့စပ်လက်စွပ် အသစ်စက်စက်ကို ဖော်ပြထားခဲ့ပါတယ်။ လက်စွပ်က အသည်းပုံဖြစ်ပြီး စိန်တွေ အပြည့်စီခြယ် ထားတဲ့ ပုံဖြစ်ပါတယ်။
အမှန် အတိုင်းပြောရရင် လူတွေ အားလုံး ထင်ထားတာက ဒီလက်စွပ်ဟာ အသားစိမ်းတွေ ဒါမှမဟုတ် ထူးခြား တဲ့ အရာတွေ နဲ့ ပြုလုပ်ထား မယ် ထင်ထားကြပေမယ့်.. Gaga ဟာ လက်ထပ် လက်စွပ်ကိုတော့ မိရိုးဖလာ အတိုင်း ရိုးရိုးရှင်းရှင်းပဲ နှစ်သက်ပုံရပါတယ်။ 
တကယ့် လက်ထပ်ပွဲတော့ မဟုတ်ပေမယ့် Gaga က တစ်ခါတုန်းက သူ့ရဲ့စိတ်ကူးယဉ် အိပ်မက် ထဲက လက်ထပ်ပွဲ နဲ့ ပတ်သက်ပြီး Howard Stern ကို ရယ်စရာပြောခဲ့တာ ကတော့: “ ကျွန်မသာ မင်္ဂလာ ဆောင်ဖြစ်ခဲ့ မယ်ဆိုရင် ကျွန်မရဲ့ ဖက်ရှင် စတိုင်လ် ပညာရှင် က အော်ဟစ်ခေါ်နေတဲ့ အချိန်မှာ ကျွန်မ ကတော့ David’s သတို့သမီး ၀တ်စုံကို ၀တ်ပြီး ပစ်ကပ် ထရပ်ကား စီးပြီး လျှောက်သွားပစ်မိမှာပါ “ တဲ့။ 
Gaga နဲ့ “Chicago Fire” နဲ့ နာမည်ကျော် လာသူ Kinney တို့ဟာ ၂၀၁၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ “ You & I “ သီချင်း ဗီဒီယိုမှာ စတင်တွေ့ဆုံ ခဲ့ကြတာဖြစ်ပြီး ၂၀၁၂ မေလပိုင်းက ခဏတာ လမ်း ခွဲပြီး နောက် ပိုင်းတောက်လျှောက် အတူတူ လက်တွဲခဲ့ကြ တာ ဖြစ် ပါတယ်။ 


Credit : http://www.starpulse.com/news