Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Miley Cyrus ရဲ့ ရုပ်ရှင် တိုလေးကို NYC မှာ ကျင်းပမယ့် အရွယ်ရောက်သူများ ရုပ်ရှင်ပွဲတော်မှာ ပြသသွားမည့်သတင်း

Miley Cyrus ရဲ့ ရုပ်ရှင် တိုလေးကို NYC မှာ ကျင်းပမယ့် အရွယ်ရောက်သူများ ရုပ်ရှင်ပွဲတော်မှာ ပြသသွားမည့်သတင်း

| No comment

နယူးယောက်စီးတီးမှာ ကျင်းပမယ့် အရွယ်ရောက်သူများ ရုပ်ရှင်ပွဲတော်မှာ Miley Cyrus ရဲ့ ရမ္မက်ပြင်းပြတဲ့ အသွင်နဲ့ သရုပ်ဆောင် ချက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 
အရွယ်ရောက်သူများ ရုပ်ရှင်ဖန်သားပြင်ပေါ်မှာ “Wrecking Ball” အဆိုတော်ကို မမြင်တွေ့ရပေမယ့် သူရဲ့ “Bangerz” ကမ္ဘာလှည့် ခရီးစဉ်အတွင်း ဒါရိုက်တာ Quentin Jones ရိုက်ကူးပေးထားပြီး ချုပ်နှောင်နှိပ်စက် မှုများပါဝင်သော လိင်ဖျော်ဖြေရေး ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး PornHub အရွယ်ရောက်သူများ ဗွီဒီယိုဝက်ဘ်ဆိုဒ်က စပွန်ဆာပေး ကျင်းပတဲ့ ရုပ်ရှင်ပွဲတော် ပထမဆုံးနေ့မှာ ပြသသွားမှာဖြစ်ပါတယ်။
 ၄ မိနစ်နဲ့  ၃၃ စက္ကန့်ကြာ ရုပ်ရှင် ဇာတ်လမ်းတို အတွင်းမှာ Miley ဟာ သားရေသားဖြင့် မျက်နှာအုပ်ထားပြီး အနက်ရောင် အတွင်းခံ ၀တ်စုံကို ၀တ်ဆင်ကာ အနက်ရောင် တိတ်များဖြင့် ဖုံးအုပ် ကာကွယ်ထားတဲ့ ရင်နှစ်မွှာ လှစ်ဟပြသထားပြီး ကပြဖျော်ဖြေရင်း သူ့အား ညှင်းပမ်းနှိပ်စက် ခံရသည့် သဖွယ် သရုပ်ဆောင်ထားပါတယ်။
 ပွဲစီစဉ်သူ Simon Leahy က New York Post မှာ “ သူဟာ ပိုပြီး ခေတ်ပြိုင် အနုပညာရှင်တွေထဲမှာ စတင် ထင်ရှားအောင်မြင်လာပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ပြု လုပ်ကျင်းပမယ့် ရုပ်ရှင်ပွဲတော်မှာ ဒီရုပ်ရှင်ကို ပြသနိုင်ဖို့အတွက် ထုတ်လုပ်ရေး ကုမ္ပဏီကို Leahy က တောင်းဆိုခဲ့ပါတယ်။


Credit : http://www.starpulse.com/news