Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဂရမ်မီ ဆုပေးပွဲမှာ ဆု ၂ ဆုစာ ကြိုတင် ခန့်မှန်းခံ ထားရပေမယ့်လည်း လက်ဗလာနဲ့ပဲ အိမ်ပြန်သွားခဲ့ရတဲ့ Nicki Minaj

ဂရမ်မီ ဆုပေးပွဲမှာ ဆု ၂ ဆုစာ ကြိုတင် ခန့်မှန်းခံ ထားရပေမယ့်လည်း လက်ဗလာနဲ့ပဲ အိမ်ပြန်သွားခဲ့ရတဲ့ Nicki Minaj

| No comment

တနင်္ဂနွေနေ့  ညကပြု လုပ် ခဲ့တဲ့ ၅၇ ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲမှာ ဆွဲမက်စရာကောက်ကြောင်း အလှကို ထင်ပေါ်စေမယ့် Tom Ford အနက်ရောင် ညနေခင်း ၀တ်စုံနဲ့ ရပ်အဆိုတော် မလေး Nicki Minaj  ဟာ ပွဲတက် လာခဲ့ပါတယ်။ လက်ရှိမှာ တတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Pink Print ကို ထုတ်လုပ်ထားတဲ့ အသက် ၃၂ နှစ် အရွယ် Nicki Minaj ဟာ ဒီနှစ် ဆုပေးပွဲမှာ ဆု ၂ ဆုစာ ကြိုတင် ခန့်မှန်းခံထားရပေမယ့် လည်း လက်ဗလာနဲ့ပဲ အိမ်ပြန် သွားခဲ့ရပါတယ်။
 Nicki Minaj ရဲ့ Anaconda သီချင်းဟာ အကောင်းဆုံး ရပ်သီချင်းအဖြစ် ဆန်ခါတင် ပါဝင်ခဲ့ပေမယ့်လည်း တစ်ကယ်တမ်း ဆုပေးတဲ့အခါမှာ Kendrick Lamar ရဲ့ “I” သီချင်းကို မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ သူမ နဲ့အတူ Ariana Grande ၊ Jessie J တို့ သီဆိုထားတဲ့ “Bang Bang” သီချင်းဟာ လည်း အကောင်းဆုံး တွဲဖက်ဖျော်ဖြေမှု စာရင်းထဲ ပါဝင်ခဲ့ပေမယ့် A Great Big World နဲ့ Christina Aguielera တို့ရဲ့ စန္ဒယား အသားပေး သီချင်းဖြစ်တဲ့ Say Something ကို မယှဉ်နိုင်ခဲ့ပါဘူး။ 


Credit : http://www.starpulse.com/news