Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Oscar စတိုင် : Lupita Nyong’o ဟာ ပုလဲလုံးတွေ စီခြယ်ထားတဲ့ ပွဲတက် ဂါဝန်နဲ့ ပေါ်လွင် လှပနေခဲ့ပါတယ်

Oscar စတိုင် : Lupita Nyong’o ဟာ ပုလဲလုံးတွေ စီခြယ်ထားတဲ့ ပွဲတက် ဂါဝန်နဲ့ ပေါ်လွင် လှပနေခဲ့ပါတယ်

| No comment

တနင်္ဂနွေည ၈၇ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားမှာ ထင်ရှား လှပနေ ကြသူများ ထဲက တစ်ယောက်ကတော့ Lupita Nyon’o ဖြစ်ပါတယ်။ မင်းသမီးဟာ နာမည်ကျော် ဖက်ရှင် Brand ဖြစ်တဲ့ Calvin Klein ရဲ့  ဒီဇိုင်းဖြစ်တဲ့ ပုလဲလုံးလေးတွေ စီခြယ်ထားတဲ့ အဖြူ ရောင် ပွဲတက်ဂါဝန်ကို ၀တ်ဆင် ထားခဲ့ပါတယ်။
 ကြမ်းပြင်ပေါ်အထိ ကျနေပြီး ကျောပြောင် ဒီဇိုင်း ဂါဝန်ရှည်ဟာ သူ့ရဲ့ ရင်ညွန့် နားမှာ ဆနွင်းမကင်း ပုံ အပေါက်ဖောက် ထားပြီး ကျောဘက်ကို ပြန်သိုင်းထားတဲ့ ဂါဝန်ပုံလေးဖြစ်ပြီး သူ့ကို ကြည့် ရတာ အလွန်ကျက်သရေ ရှိပြီး လှပကျော့ ရှင်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်က “ 12 Years A Slave “ ဇာတ်ကားနှင့် ထူးချွန်ဆု ရရှိခဲ့တဲ့ မင်းသမီးဟာ ၂၀၁၄ ခုနှစ်ရဲ့ အလှဆုံးငွေကြယ်ပွင့် အဖြစ် People မဂ္ဂဇင်းရဲ့ ဖော်ပြခြင်း ခံရတဲ့အပြင် ကောဇောနီပေါ်က သူရဲ့ပုံဟာ အကောင်းဆုံး ၀တ်စုံနဲ့  ဖြစ်တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
 ကင်ညာနိုင်ငံဖွား ငွေကြယ်ပွင့်ဟာ သူ့အသား အရည်နဲ့ ပတ်သက်ပြီး အမြဲလိုလို စိတ်မသက် မ သာဖြစ်နေ ခဲ့သူပါ။ “ ကျွန်မ အသားအရည်နဲ့ ပတ်သက်ပြီး လှောင်ပြောင် စနောက်တာတွေ ခံခဲ့ရပါတယ်။ ဘုရားသခင် ဆီမှာ ကျွန်မတောင်းတဲ့ တစ်ခုတည်းသော ဆုက ပိုပြီးဖြူ စင် ၀င်းလဲ့တဲ့ အသား အရည် ရချင်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်” လို့ သက်ဆိုင်ရာ သတင်းဋ္ဌာန တစ်ခုကို ပြီးခဲ့ တဲ့နှစ် က ပြောပြ သွားခဲ့ပါသတဲ့။ Nyong’o ဟာ အခုလက်ရှိမှာတော့ “The Jungle Book “ရုပ်ရှင်ဇာတ်ကားကို Scarlett Johnasson ၊ Bill Murray တို့နဲ့ အတူတူ တွဲဖက် ရိုက်ကူးလျက်ရှိပါတယ်။ 


Credit : http://www.starpulse.com/news