Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Pharrel Williams ဟာ သူ့ရဲ့နာမည်ကျော် သီချင်း “Happy” ကို ကလေးငယ်များအတွက် စာအုပ်အဖြစ် ပြောင်းလဲပေး

Pharrel Williams ဟာ သူ့ရဲ့နာမည်ကျော် သီချင်း “Happy” ကို ကလေးငယ်များအတွက် စာအုပ်အဖြစ် ပြောင်းလဲပေး

| No comment

Pharrel Williams ဟာ ခုဆိုရင် ကလေးငယ်များအတွက် ရုပ်ပုံစာအုပ် လေးအုပ်ကို ရေးသားနေပါသတဲ့။ စာအုပ်စီးရီးထဲကမှ ပထမဦးဆုံးစာအုပ်ကို Putnam ပုံနှိပ်တိုက်မှာ စက်တင်ဘာလအတွင်း ထုတ်ဝေဖို့ ပြင်ဆင်ထားပြီး Animation ရုပ်ရှင် “ Despicable Me 2 “ မှာ ဇာတ်ဝင် သီချင်းအဖြစ် ပါဝင်ခဲ့တဲ့ သူရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်း “Happy” ရဲ့ အငွေ့အသက်တွေ ပါဝင်အောင် ရေးသားထားတယ်လို့ သိရပါတယ်။
 Billboard အရ စာအုပ်ရဲ့ အလယ်မှာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကလေးငယ်လေးတွေ ဟာ ပျော်ရွင်စရာ ပွဲတစ် ခုကို ကျင်းပပြီးပျော်ရွင်နေ ကြတဲ့ပုံကို အဓိကထား ဖော်ပြထားတယ်လို့ သိရပါတယ်။ ပထမဆုံးအကြိမ် ပုံနှိပ် ထုတ်ဝေမှုမှာ အုပ်ရေ ၂၅၀.၀၀၀ အထိ ပုံနှိပ်ထုတ်ဝေမှာ ဖြစ်ပါတယ်။ 
ဒီနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ အကောင်းဆုံး တစ်ကိုယ်တော် ပေါ့ဂီတဖျော်ဖြေတင်ဆက်မှု နဲ့ အကောင်းဆုံး သီချင်း ဗီဒီယိုဆု နှစ်ဆုကို ရရှိခဲ့တဲ့ “Happy” သီချင်းဟာ ၂၀၁၄ ခုနှစ် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး သီချင်းဆု အဖြစ် ဇကာတင်ရွေးချယ်ခြင်း ခံခဲ့ရတာပါ။


Credit : http://www.starpulse.com/news