Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Pink တစ်ယောက် သားမွှေးသုံးစွဲမှု ဆန့်ကျင်ရေး PETA ဘေဘ်ဘုတ် အတွက် အ၀တ်ဗလာနဲ့ ဓါတ်ပုံရိုက်ခံခဲ့

Pink တစ်ယောက် သားမွှေးသုံးစွဲမှု ဆန့်ကျင်ရေး PETA ဘေဘ်ဘုတ် အတွက် အ၀တ်ဗလာနဲ့ ဓါတ်ပုံရိုက်ခံခဲ့

| No comment

Pink ဟာ တိရိစ္ဆာန်လေးတွေကို တကယ်ချစ်တတ်တဲ့သူ တစ်ယောက်ဖြစ်ပြီး သူတို့အတွက် အကူအညီ လိုသမျှ ဖြည့်ဆည်းပေးဖို့ အဆင်သင့်ပါပဲ။ ပြီးတော့ ဘာမဆိုကူညီပေးမယ်ဆိုတဲ့ သူရဲ့ စိတ်ရင်းစေတနာကို ပြသနိုင်ဖို့ အတွက် သူရဲ့ အ၀တ်အစား အားလုံးကို ချွတ်ပြီး ကမ္ဘာကြီးတစ်ခုလုံးကို အ၀တ်ဗလာနဲ့ ဓါတ်ပုံရိုက် ခံပေးခဲ့ပါတယ်။
 “သားမွှေးထည်တွေ ၀တ်မယ့်အစား ဘာမှ မ၀တ်တာက ပိုကောင်းဦးမယ်”ဆိုတဲ့ PETA ရဲ့ တိရိစ္ဆာန် ညှင်းပမ်းနှိပ်စက်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် Pink ဟာ သူရဲ့ အ၀တ်အားလုံးကို ချွတ်ပြီး ပေ ၉၀ ဘေလ် ဘုတ်ကြီး အတွက် ဓါတ်ပုံရိုက်ခံပေးခဲ့ပါတယ်။ အဲဒီ ဘေလ်ဘုတ်ကိုတော့ Times Square ရဲ့အလယ်မှာ ကြော်ငြာထားမှာ ဖြစ်ပါတယ်တဲ့။ အဲဒီတော့ လူတိုင်းလူတိုင်းက သူ့ကို အင်တာနက်မှာကို အပြင်လောကမှာပါ မြင်ကြရတော့မှာပေါ့။
 Us Weekly မှာ ဖော်ပြထားတဲ့ ဓါတ်ပုံထဲမှာ နာမည်ကျော် အဆိုတော်ဟာ သူရဲ့ ဒူးတွေကို ဖက်ထားပြီး ထိုင်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ မမြင်သင့်တာတွေကို မမြင်ရအောင် သူရဲ့ ပေါင်သားတွေကို အကာကွယ် ယူကာ ဓါတ်ပုံရိုက် ခံခဲ့တာဖြစ်ပါတယ်။ သူ့ကို ကြည့်ရတာလည်း အရမ်းကို ပျော်ရွှင်နေတဲ့ပုံပါပဲ။ တိရိစ္ဆာန်လေးတွေကို ကူညီတဲ့ အနေနဲ့ တစ်ကမ္ဘာလုံးကို သင့်ရဲ့ခန္ဓာ ကိုယ်အလှကို ရိုက်ကူးပြသတဲ့ အခါမှာလည်း သင် ကိုယ်တိုင်ပျော်ရွှင်ကြည်နူး မိမှာပါပဲ။


Credit : http://www.starpulse.com/news