Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Rande Gerber က သူ့ဇနီးဖြစ်သူ Cindy Crawford ရဲ့ ဘီကီနီဝတ်စုံနဲ့ပုံကို သူရဲ့လူမှုစာမျက်နှာမှာ ဖော်ပြခဲ့ပါသတဲ့

Rande Gerber က သူ့ဇနီးဖြစ်သူ Cindy Crawford ရဲ့ ဘီကီနီဝတ်စုံနဲ့ပုံကို သူရဲ့လူမှုစာမျက်နှာမှာ ဖော်ပြခဲ့ပါသတဲ့

| No comment

ထူးခြားတဲ့ နှစ်တစ်နှစ်ပါပဲ! ဘာလို့လဲဆိုတော့ Cindy Crawford ရဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက Marie Claire အတွက် မက်ဆီကိုနဲ့ လက်တင်အမေရိကမှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေ ထဲက ပြင်ဆင် တည်းဖြတ် မှုများ မပြုလိုက်ရခင်က ပုံတွေထွက်ပေါ်လာမှု အကြောင်း လူပြောများနေကြပါသတဲ့။ 
၂၀၁၅ ဧပြီလထုတ် မဂ္ဂဇင်းအတွက် ရိုက်ကူးခံခဲ့တဲ့ ၄၇ နှစ်အရွယ် နာမည်ကျော်မော်ဒယ်လ်မင်းသမီးရဲ့ ဓါတ်ပုံတွေ ဟာ သောကြာနေ့က Twitter စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ Marie Claire ကလည်း ဒီပုံဟာ တကယ့် ပုံတွေ ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီပုံဟာ ၂၀၁၃ ခုနှစ်က ရိုက်ကူးခဲ့ တဲ့ ပုံတွေဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
 Crawford ရဲ့ ခင်ပွန်းသည်ဖြစ်သူ နိုက်ကလပ်ပိုင်ရှင် Rande Gerber က စနေနေ့က ဇနီးသည်ဖြစ်သူရဲ့ ဘီကီနီ ၀တ်စုံနဲ့ ရိုက်ကူးထားတဲ့ ပုံနှင့်တကွ “ သူက ပန်းတွေရခဲ့သလို ကျွန်တော်လည်း သူ့ကို ပိုင်ဆိုင် ခဲ့ပါတယ်။ ပျော်ရွင်စရာ ချစ်သူများနေ့ပါ Cindy Crawford! “ လို့ ရေးသားပြီး ဖော်ပြခဲ့ပါတယ်။ Gerber ဟာ ဘယ်တုန်းက ရိုက်ခဲ့တဲ့ ပုံလို့တော့ မဖော်ပြခဲ့ပေမယ့် Crawford ဟာ လှမြဲတိုင်းလှနေပုံပါပဲ။


Credit : http://www.starpulse.com/news