Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Selena Gomez ဟာ Hot V မဂ္ဂဇင်းအတွက် အပေါ်ပိုင်းဗလာနဲ့ ဓါတ်ပုံရိုက်ကွင်းမှာ Justin Bieber နဲ့ ဆက်ဆံရေးအကြောင်း ပြောကြားသွားခဲ့

Selena Gomez ဟာ Hot V မဂ္ဂဇင်းအတွက် အပေါ်ပိုင်းဗလာနဲ့ ဓါတ်ပုံရိုက်ကွင်းမှာ Justin Bieber နဲ့ ဆက်ဆံရေးအကြောင်း ပြောကြားသွားခဲ့

| No comment

V မဂ္ဂဇင်း ၉၄ ကြိမ်မြောက် ထုတ်ဝေမယ့် မဂ္ဂဇင်းအတွက် ဆွဲဆောင်မှု အရှိဆုံး မျက်နှာဖုံး ဓါတ်ပုံကို ခန္ဓာ ကိုယ် အလှ ကို ဖော်ပြခဲ့ပြီး သူရဲ့ ဆေးရေး ပန်းချီကိုလည်း ခပ်မိုက်မိုက် ဒီဇိုင်းအဖြစ် ဖော်ပြခဲ့ပါတယ်။ Carlyne Cerf de Dudzeele ရဲ့ စတိုင်ဖြစ်ပြီး Inez & Vinoodh က ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။
 Spring Breakers ရဲ့ တွဲဖက် သရုပ်ဆောင် James Franco နဲ့အတူ Selena က အင်တာဗျူးဖြေဆိုခဲ့ပြီး သူဟာ အနာဂတ် အချစ်ရေး အခြေအနေနဲ့ သူရဲ့အတိတ်က ချစ်သူ Justim Biber နဲ့ ပတ်သက်ပြီးလည်း ပွင့်ပွင့်လင်းလင်း ဖြေကြား သွားခဲ့ပါတယ်။
 လက်ရှိမှာတော့ ဂျာမာန် သီချင်းထုတ်လုပ်သူ Zedd  နဲ့ စုံတွဲ ခုတ်နေတယ်လို့ ကောလဟာလတွေ ထွက်နေ ပါတယ်။ သူက “ ကျွန်မအထင် နောက်တစ်ခါ ဆိုရင်တော့ မတူညီနိုင်ပါဘူး။ Biber နဲ့ပတ်သက်တဲ့ ဆက်ဆံရေး ကတော့ ကျွန်မအသက် ၁၈နှစ်တုန်းက ထားခဲ့တဲ့ ပထမဆုံး အချစ်ပါ။ နောက်ပိုင်းမှာတော့ ဒီလို မျိုးဖြစ်မှာ မဟုတ်တော့ပါဘူး” လို့ ပြောကြားသွားပါတယ်။


Credit : http://www.starpulse.com/news