Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၀တ်လစ်စလစ် Selfie ပုံတွေ ဘာကြောင့် ရိုက်ရတယ်ဆိုတာကိုရှင်းလင်းပြောပြသွားတဲ့ Miley Cyrus

ဝတ်လစ်စလစ် Selfie ပုံတွေ ဘာကြောင့် ရိုက်ရတယ်ဆိုတာကိုရှင်းလင်းပြောပြသွားတဲ့ Miley Cyrus

| No comment

Miley Cyrus က Instagram မှာ တင်ခဲ့တဲ့သူ ကိုယ်တိုင် ရိုက်ကူးထားတဲ့ သူ့ရဲ့ ၀တ်လစ်စလစ် ပုံတွေ အကြောင်း ရှင်းလင်းပြောပြခဲ့ပါတယ်။ V မဂ္ဂဇင်း အတွက်ပါ ရိုက်ကူးထားခဲ့တဲ့ သူရဲ့ ၀တ်လစ်စလစ် ပုံတွေနဲ့ အပေါ်ပိုင်း ဗလာပုံတွေ အများကြီးကို လူမှုကွန်ယက်များဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး Mario Lopez ရဲ့ “Extra” ဆိုတဲ့ အင်တာဗျူးအစီအစဉ်မှာ သူဘာလို့ မတော်တရော် Selfie ပုံတွေ မကြာခဏ တင်ရလဲ ဆိုတာကို Miley က ရှင်းပြ သွားခဲ့ပါသတဲ့။
 အားလုံးစဉ်းစားထားမိကြတဲ့ အတိုင်းပါပဲ.. ကျွန်မ အ၀တ်ဗလာနဲ့ လျှောက်သွားခဲ့ပါတယ်.. သဘောကတော့ ကျွန်မတို့ ခရီးထွက်ခဲ့ကြပြီး ကျွန်မရဲ့ ပုံတွေကို ဓါတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်.. V မဂ္ဂဇင်းအတွက် ဒိုင်ယာရီ ပုံစံမျိုးလေးရိုက်ကူးခဲ့တာပါ..L.A မှာရှိတဲ့ ကျွန်မအိမ်မှာ စတင်ရိုက်ကူးခဲ့ပြီး တစ်ကမ္ဘာလုံး ပတ်ပြီး ခရီးသွားရင်း ရိုက်ခဲ့တာဖြစ်ပါတယ် လို့ သူကပြောပြသွားခဲ့ပါတယ်။ 
ရှင်တို့အားလုံး ခရီးထွက်နေကြတဲ့အခါဆို ရှိုးပြဖို့အတွက် တစ်နာရီခွဲသာသာပဲ အချိန်ရကြတာလေ.. ကျွန်မကတော့ တစ်နှစ်ပတ်လုံး အချိန်ရခဲ့တယ်..အဲ့လိုအချိန်ကျရင် ရှင်တို့လည်း ပျင်းစရာကောင်းတဲ့ ဟိုတယ်အခန်းထဲမှာ အ၀တ်ဗလာနဲ့ ဓါတ်ပုံတွေ ရိုက်မိကြမှာပါပဲလို့ သူမက ထပ်မံပြောဆို သွား ပါသေးတယ်။


Credit : http://www.starpulse.com/news