Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Shailene Woodley ဟာ Glamour အတွက် အပေါ်ပိုင်းဗလာဖြင့် ဓါတ်ပုံရိုက်ခံခဲ့ပြီး ကင်မရာရှေ့မှာ အ၀တ်ဗလာနဲ့ သရုပ်ဆောင်ရတာ သူ့အတွက်အဆင်ပြေလာပါပြီလို့ ပြောကြားသွားပါသတဲ့!

Shailene Woodley ဟာ Glamour အတွက် အပေါ်ပိုင်းဗလာဖြင့် ဓါတ်ပုံရိုက်ခံခဲ့ပြီး ကင်မရာရှေ့မှာ အ၀တ်ဗလာနဲ့ သရုပ်ဆောင်ရတာ သူ့အတွက်အဆင်ပြေလာပါပြီလို့ ပြောကြားသွားပါသတဲ့!

| No comment

Shailene Woodley ဟာ သူရဲ့ခန္ဓာကိုယ်အလှကို ပြသခဲ့တာ ဒါနဲ့ဆို ၅ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ သူက နောက်ပိုင်း ပြီးခဲ့တဲ့နှစ်က ရိုက်ကူးခဲ့တဲ့ “ White Bird in a Blizzard “ ရုပ်ရှင်ကားထဲကလို သူ့အတွက် ပထဆုံး ချစ်တင်းနှောခန်းတွေလို ထပ်မံရိုက်ကူးသရုပ်ဆောင်တဲ့ အခါမှာလည်း သူ့အတွက် အခက်အခဲ မရှိတော့ပါဘူး။
 နောက်လမှာ Divergent seuel မှာ ပါဝင် သရုပ်ဆောင်မယ့် ၂၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဥရောပ မင်း သမီး ဟာ အဖော်အချွတ် သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး Glamour UK ရဲ့ ဧပြီလ မှာဖြန့်ချီမယ့် မဂ္ဂဇင်း မှာ  ပြော ကြားသွားပါတယ်။ အ၀တ်ဗလာနဲ့ သရုပ်ဆောင်ဖို့အတွက် ကျွန်မအတွက် အဆင်ပြေပါတယ်။ ဒီလိုသရုပ်ဆောင်မှုတွေက ကျွန်မကို ပိုပြီးသရုပ်ဆောင် ပီပြင်တဲ့ မင်းသမီးဖြစ်လာစေ သလားတော့ သေ ချာ မသိပါဘူး။ ဒါပေမယ့် ဒီလို ချစ်တင်းနှော ခန်းတွေပါတဲ့ ရုပ်ရှင်တစ်ကား ရိုက်ကူးဖို့ရှိပါတယ်။ ဒီအခန်းတွေ ရိုက်ကူးတဲ့အခါမှာလည်း အတွင်းခံတွေဝတ်ပြီး သရုပ်ဆောင်မှာ မဟုတ်ပါဘူးလို့ “ ပြောကြားသွားပါတယ်။ သူရဲ့အရေပြားအလှတွေကို ဖော်ပြရတာ သူ့အတွက် ကြီးမားတဲ့အခက်အခဲမဟုတ်ပါဘူး လို့ပြောသွားပြီး မဂ္ဂဇင်းအတွက် အပေါ်ပိုင်းဗလာနဲ့ ပုံတစ်ပုံ ရိုက်ကူးခံခဲ့ပါသတဲ့။
 “ ဥရောပနဲ့ပတ်သက်ပြီး ကျွန်မသဘောကျတဲ့ အချက်ကတော့ ဒီလိုကိစ္စတွေနဲ့ ပတ် သက်ပြီး ရေးကြီး ခွင် ကျယ် မလုပ်ကြတာကိုပါပဲ။ ကမ်းခြေမှာ အပေါ်ပိုင်းဗလာနဲ့ လျှောက်သွားနိုင်သလို ဘယ် အမျိုးသားကမှ လည်း စိုက် ကြည့်နေကြတာမျိုး မရှိပါဘူး” လို့ သူက ဆိုပါတယ်။ “အမေရိကမှာကတော့ ကျွန်မတို့ရဲ့ မျက်နှာတွေပေါ်မှာ သိသာနေရင်တောင် ဒီကိစ္စတွေကို ပြောလို့မရပါဘူး” လို့လည်း ပြောသွားပါတယ်။ မတ်လ ၂ ရက်နေ့မှာ ရောင်းချမယ့် Galmour UK မဂ္ဂဇင်းရဲ့  ဧပြီလထုတ်မှာ Shailene နဲ့ပတ်သက်တဲ့ အင်တာဗျူး ကိုဖော်ပြမှာ ဖြစ်ပါတယ်။ Shailene ဟာ ၅ကြိမ် တိတိ ချစ်တင်းနှောခန်းတွေ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ ကတော့ - White Bird, Divergent, The Fault In Our Stars, The Spectacular Now နဲ့ ABC Family ကရိုက်ကူးတဲ့ The Secret Life of the American Teenager ဇာတ်လမ်း တွဲတွေ ပဲဖြစ်ပါတယ်။


Credit : http://www.starpulse.com/news