Featured News
[4] [recent] [slider-top] [Featured News]
You are here: Home / Slint ဂီတာတီးသူ David Pajo ဟာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပြီး သူရဲ့ ဘလော့ဂ်ပေါ်မှာ ရှည်လျားစာတမ်း တင်ထားခဲ့
Slint ဂီတာတီးသူ David Pajo ဟာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပြီး သူရဲ့ ဘလော့ဂ်ပေါ်မှာ ရှည်လျားစာတမ်း တင်ထားခဲ့
| No comment
Slint ဂီတာတီးသူ David Pajo ဟာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကို သောကြာနေ့ မနက်ပိုင်း က အွန်လိုင်းပေါ်မှာ သေတမ်းစာ တစ်စောင်တင်ပြီး ထိတ်လန့် အံ့သြသွားစေပါတယ်။ အဲဒီနောက်မှာတော့ ဆေးရုံလူနာက တင်ပေါ်ကနေ ကင်မရာရှေ့ မှာလက်မထောင်ပြီး သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓါတ်ပုံ တင်ထားခဲ့ပါတယ်။
 Pajo ရဲ့ အမေဖြစ်သူက Consequesnce of Sound မှာ သူ့သားဟာ ခုဆေးရုံ မှာဖြစ် ပြီး  ပြန် လည်ကောင်းမွန် လာဖို့ မျှော်လင့်ရတဲ့ အကြောင်း ပြောကြားသွားပါတယ်။ Instagram မှာ ရော့ခ်ကာကြီးက သူရဲ့သေတမ်းစာနဲ့ပတ်သက်ပြီး “ ကျေးဇူးပြုပြီး www.pinkhollers.blogspot.com မှာ တင်ထားတဲ့ ကိုယ့်ရဲ့  သေတမ်း စာကို ဖတ်ပါ… Leila Nicole Heydari Pajo “ လို့ ရေးသားထားခဲ့ပါတယ်။ အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ Pajo ဟာ ဇနီးသည်ဖြစ်သူရဲ့ လူမှုရေး အရှုပ် အထွေးတွေ သိရှိပြီးတဲ့နောက် သူရဲ့ ခံစားချက်တွေ ကို “ လုံးဝကို အထီးကျန်ပြီး စိတ်ဓါတ်တွေ အောက်ဆုံး အထိ ကျနေပါတယ်။ နာကျင်မှုတွေနဲ့ ရှုပ်ထွေး မှုတွေ အဆုံးသတ်စေချင်ပါပြီ။
 ကိုယ်ဟာ ထွက်ပေါက် တစ်ခု၊ ပြန်လည် စတင်နိုင်မယ့် အခွင့်အရေး တစ်ခုကို ကြို ဆိုမျှော်လင့်နေပါတယ်” လို့လည်း ထပ်ပေါင်းရေး သားထား ပါသေးတယ်။Pajo ဟာ Interpol ၊ Tortoise ၊ King Kong ၊ Zwan နဲ့ Yeah Yeah Yeahs စတဲ့ အဖွဲ့တွေမှာ ပါဝင်တီးခတ် ခဲ့တဲ့ အော်တာနေးတစ်ရှော့်ခ် ဂီတ ပညာရှင် တစ်ဦးဖြစ်ပါတယ်။ 
Credit : http://www.starpulse.com/news