Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Taylor Swift ဟာ ဂရမ်မီ ဂီတဆုပေးပွဲမှာ Kanye West နဲ့အတူ တွဲပြီး စကားလက်ဆုံကျကာ ဓါတ်ပုံတွေရိုက်ခဲ့

Taylor Swift ဟာ ဂရမ်မီ ဂီတဆုပေးပွဲမှာ Kanye West နဲ့အတူ တွဲပြီး စကားလက်ဆုံကျကာ ဓါတ်ပုံတွေရိုက်ခဲ့

| No comment

ပေါ့ပ်စတား Taylor Swift ကို ဆုပေးပွဲမှာ တွေ့ခဲ့ရပြီး သူဟာ သူရဲ့ လှပသေးသွယ်တဲ့ ခြေတံလေးတွေကို ဘယ်လိုအသုံးချ ပြီး လှပအောင် နေရမယ်ဆိုတာ ကို ကောင်းကောင်းသိတဲ့ မိန်းကလေး တစ်ယောက် ဖြစ် ပါတယ်။
 တနင်္ဂနွေနေ့ ညက ကျင်းပခဲ့တဲ့ ဂရမ်မီ ဆုပေးပွဲမှာ ဒစ်စနေးရဲ့ “Frozen” ကားထဲက Elsa ၀တ်တဲ့ ဂါဝန်လေးနဲ့ ခပ်ဆင်ဆင် ဒီဇိုင်းဖြစ်တဲ့ မိုးပြာရောင် ဂါဝန်ဆန်းလေးနဲ့ ထင်ရှားလှပနေခဲ့ပါတယ်။
 နောက်ထပ် ထူးခြားတာ တစ်ခုကတော့ Taylor ဟာ ၂၀၀၉ ခုနှစ် MTV Video Music ဆုပေးပွဲမှာ စတိတ်စင်ပေါ်ကို ခုန်တက်ခဲ့ပြီး သူရဲ့လက်ထဲက မိုက်ကရို ဖုန်းယူပြီး မင်းကို အခု ရပ်ခွင့်ပြု တယ်ဆိုတဲ့ စကားနဲ့ နာမည်ကြီးခဲ့တဲ့ Kanye West နဲ့အတူ စင်နောက်မှာ ဓါတ်ပုံတွေအတူတွဲရိုက်ခဲ့ပြီး စကားလက်ဆုံ ကျနေခဲ့ပါတယ်။
 နှစ်ဦးသားဟာ စကားလက်ဆုံကျ ပျော်ရွှင်ရယ်မောနေကြပြီး အဲ့အချိန်တုန်းက အဖြစ်အပျက်ဟာ ခုတော့ တံတားအောက်က ရေပြင်လိုပဲ မျောပါပျောက်ဆုံး သွားခဲ့ပြီ။ Taylor တစ်ယောက် ဒီအကြောင်းကို သီချင်း တစ်ပုဒ်တောင် ရေးဖြစ်ချင်ရေးဖြစ်သွားမယ်လို့ ယူဆရပါတယ်။



Credit : http://www.starpulse.com/news