Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Taylor Swift တစ်ယောက် Kanye West ရဲ့ ဖက်ရှင်ရှိုးကို တမင်မတက်ရောက်ခဲ့တာလား?

Taylor Swift တစ်ယောက် Kanye West ရဲ့ ဖက်ရှင်ရှိုးကို တမင်မတက်ရောက်ခဲ့တာလား?

| No comment

Taylor Swift ဟာ ကြာသာပတေးနေ့ နယူးယောက်ခ် ဖက်ရှင်သတင်းပတ်မှာ ကျင်းပပြသခဲ့တဲ့ Kanye West ရဲ့ Adidas ဖက်ရှင် စုစည်းမှုကို တက်ရောက်မယ်လို့ ပေးခဲ့တဲ့ကတိကို ပျက်ကွက်ခဲ့ပါသတဲ့။ သူတို့နှစ် ဦးမှာ အတိတ်က အဖြစ်အပျက်လေးတွေရှိခဲ့ကြတဲ့အတိုင်း - ၂၀၀၉ ခုနှစ် MTV Video Music ဆုပေးပွဲမှာ Taylor Swift တစ်ယောက် Kanye West ရဲ့မိတ်ဆွေဖြစ်သူ Beyonce ကိုကျော်ပြီး “အကောင်းဆုံး အမျိုးသမီး ဗီဒီယိုဆု” ရရှိစဉ်က စတိတ်စင်ပေါ်ကို ခုန်တက်ခဲ့ပြီး သူရဲ့လက်ထဲက မိုက်ကရိုဖုန်းယူပြီး မင်းကို အခု ရပ်ခွင့်ပြုတယ်ဆိုတဲ့ စကားနဲ့ နာမည်ကြီးခဲ့တဲ့ Kanye West တို့ကြားမှာ အဖုအထစ်လေးတွေ ရှိနေခဲ့ကြတာပါ။
 ဒါပေမယ့်လည်း West ဟာ Vogue မဂ္ဂဇင်းမှ Andre Leon Talley ကို နာမည်ကျော် ပေါ့ပ်စတား Taylor Swift ကို သူရဲ့အထူးဧည့်သည်အဖြစ် မျှော်လင့်ထားခဲ့တဲ့အကြောင်း ပြောကြားသွားပါတယ်။ ဖက်ရှင် ဂုရုကြီး ကို သူပြောနေတာကတော့ “ တကယ်တော့ သူဒီနေ့ ဒီမှာရှိနေရမှာပါ။ ဘယ်လိုဖြစ်သွားသလဲ ကျွန်တော်မသိပါဘူး” တဲ့။ West ရဲ့ဇနီး Kim Kardashian၊ Beyonce၊ Jay Z ၊ Justin Bieber ၊ Sean ‘Diddy’ Combs နဲ့ Rihanna တို့ တက်ရောက်ခဲ့ကြပါတယ်။ 
Swift ရဲ့ အလုပ်အချိန်ဇယားဟာ အားလုံးထင်နေကြတဲ့အတိုင်း ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ E! News ကို ပြောရေးဆိုခွင့်ရှိသူတစ်ဦး ပြောကြားခဲ့တာကတော့ “ Taylor ဟာ ပွဲကို တကယ် တက်ရောက် ချင်ခဲ့တာပါ။ ဒါပေမယ့် ဓါတ်ပုံရိုက်ရမယ့် အလုပ်အချိန်ဇယားကြောင့် အဲ့ဒီနေ့က ပွဲကိုမတက်ရောက်နိုင်ခဲ့တာပါ” တဲ့။


Credit : http://www.starpulse.com/news