Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အော်စကာ ဆုပေးပွဲနဲ့ Vanity Fair’s Post ဆုပေးပွဲ ပါတီတွေမှာ Jennifer Lopez တစ်ယောက် ဓါတ်ပုံတွေ အများကြီး အရိုက်ခံ ခဲ့ပါသတဲ့

အော်စကာ ဆုပေးပွဲနဲ့ Vanity Fair’s Post ဆုပေးပွဲ ပါတီတွေမှာ Jennifer Lopez တစ်ယောက် ဓါတ်ပုံတွေ အများကြီး အရိုက်ခံ ခဲ့ပါသတဲ့

| No comment

Jennifer Lopez ဟာ တနင်္ဂနွေနေ့ ည ၈၇ကြိမ်မြောက် ဆုပေးပွဲ အခမ်းအနားကို Grand Budapest ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကောင်းဆုံး ၀တ်စုံ ဒီဇိုင်းဆုပေးပွဲမှာ မင်းသား Chris Pine နဲ့အတူ အစီ အစဉ် ကြေညာသူအဖြစ် ဆောင်ရွက်ပေးခဲ့စဉ်က သူ့ ချော်လဲကျ မတတ်ဖြစ်ခဲ့တဲ့ ဖက်ရှင် Brand Elie Saab ရဲ့ အညိုရောင် ဂါဝန်အပွ ဒီဇိုင်းနဲ့ တက်ရောက်ခဲ့တာ ဖြစ်ပြီး သူရဲ့  ရင်နှစ်မွှာအလှကိုလည်း ထူး ထူးခြားခြား ဖော်ပြ၀တ်ဆင်ထားခဲ့ပါတယ်။ 
ဆုချီးမြှင့်အပြီး သူတို့နှစ်ဦး လမ်းလျှောက် သွားစဉ်မှာ J.Lo ဟာ ခြေချော်သွားခဲ့တာကို Pine က တွဲကူပေး ခဲ့တာ ဖြစ်ပါတယ်။ ဆုရရှိသူကို ကြေညာပေးဖို့အတွက် Lopez ကို Star Trek မင်းသားက စာအိတ် ကမ်း လှမ်းပေးခဲ့တာပါ။ သူ့ကို ဆုရသူနာမည် ဖတ်ကြားပေးဖို့ အနားတိုးပြီးပေးခဲ့တာလား…ဒါမှမဟုတ် Lopez ရဲ့ ရင်သား အလှကို သေချာမြင်ရဖို့ အနားတိုး သွားတာ လားတော့ ကျွန်တော်တို့ သေချာမသိရပါဘူး။ 
American Idol ရဲ့ အကဲဖြတ်ဒိုင် တစ်ဦးဖြစ်တဲ့သူဟာ သူ့ရဲ့အော်စကာ ပွဲတက်ဂါဝန်နဲ့ လူအများရှေ့မှာ ခမ်း နား လှပနေခဲ့တဲ့ အပြင် Beverly Hills မှာ ကျင်းပခဲ့တဲ့ ၂၀ကြိမ်မြောက် Vanity Fair Post ဆုပေးပွဲမှာ လည်း သူ့ရဲ့ ပါးလွှာလှတဲ့ ပွဲတက်ဝတ်စုံနဲ့ ဆွဲဆောင်မှု အပြည့်ရှိနေခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news