Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / “Walking Dead” ဇာတ်လမ်းတွဲ သရုပ်ဆောင် မင်းသား Markice Moore ဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံစီ မှုမှ ပြန်လည် ကျန်းမာလာပြီဖြစ်ကြောင်း

“Walking Dead” ဇာတ်လမ်းတွဲ သရုပ်ဆောင် မင်းသား Markice Moore ဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံစီ မှုမှ ပြန်လည် ကျန်းမာလာပြီဖြစ်ကြောင်း

| No comment

နာမည်ကျော် AMC စီးရီး “ The Walking Dead “ Season 3 မှာ ထောင်မှလွတ်မြောက်လာသူ Andrew အဖြစ် သရုပ်ဆောင်ရာမှ လူသိများအောင်မြင်လာသူ Markice Moore ဟာ ဒီတစ်ပတ်ထဲမှာ ကိုယ့်ကိုကိုယ် သတ်သေရန် ကြံစည်ကြိုးစားခဲ့ပြီး ခုတော့ ပြန်လည်နေကောင်းလာပြီလို့ TMZ သတင်းအရ သိရှိ ရ ပါ တယ်။ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့က ဆေးလွန်နေတဲ့ မင်းသားကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
Moore ကို ဆေးရုံတင် ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာ ကုသမှု လူနာခန်းမှာ နေခဲ့တာဖြစ်ပါတယ်။ သူဟာ အသက် အန္တရာယ်ကနေ လွတ်မြောက်သွားပြီဖြစ်ပြီး ဆေးဝါးကုသမှု ဆက်လက်ခံယူနေရဆဲ ဖြစ်ပါတယ်။ သူဟာ သူ့မိသားစုအတွက် ဗီဒီယိုမှတ်တမ်းတင်ပေးထားခဲ့ပြီး ဘ၀ကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက် ပြီဖြစ်ကြောင်း ပြော ကြားထားပါတယ်။ သူရဲ့ အဖွားဖြစ်သူ ဆုံးပါးပြီးနောက် စိတ်သောကရောက် ခဲ့ တာ ဖြစ် တယ်လို့ သူ့ရဲ့ ဆရာဝန်တွေက ဆိုပါတယ်။ သရုပ်ဆောင် မင်းသားကို သူ့အိမ်ရဲ့ ရေချိုးကန် ထဲ မှာ မေ့မြောနေ တာကို တွေ့ရှိခဲ့ ရတာဖြစ်ပါတယ်။Moore ရဲ့ မန်နေဂျာ ဖြစ်သူက “ အဲ့အချိန်မှာ Moore ဟာ သူ့ ဘ၀ကိုရှေ့ဆက်လျှောက် လှမ်းနိုင်ဖို့ အကူအညီ လိုအပ်နေချိန် ဖြစ်ပါတယ် “ လို့ Us Weekly ကို ပြောကြားသွားပါတယ်။ “ သူ့ရှေ့မှာ တောက်ပတဲ့ အနာဂတ်ရှိနေပြီး သူ လည်း လျှောက် လှမ်းနိုင် ဖို့ မျှော်လင့်နေတာပါ။ သူရဲ့ ကိုယ်ရေး ကိုယ်တာကို လေးစားကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သူဟာ ပြန်လည်ကျန်းမာပြီး နလန်ထူလာဖို့ အချိန်ယူပြီး ကြိုးစားနေပါတယ်။ သူနဲ့ သူ့မိသားစုအတွက် ကျွန်တော် တို့ ဆုတောင်းပေး ကြရအောင်ပါ “ လို့ လည်း ပြောသွားပါတယ်။ 


Credit : http://www.starpulse.com/news