Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / You Tube ပေါ်မှ ရေပန်းအစားဆုံး ဗီဒီယို Blogger လေးယောက်

You Tube ပေါ်မှ ရေပန်းအစားဆုံး ဗီဒီယို Blogger လေးယောက်

| No comment

You Tube ပေါ်တွင် ဗီဒီယိုဖိုင်များ မျှဝေသူများထဲမှာ ထိုသူများ၏ ဗီဒီယိုများကို ကြည့်ရှုသူပေါင်းမှာ ၁၃ သန်း ကျော် ရှိပြီ ဖြစ်ပါတယ်။ ထိုလူလေးယောက်မှာ- Zoella www.youtube.co.uk/user/zoella280390 တွင် သွားရောက်ကြည့် ရှုနိုင်မည် ဖြစ်ပြီး အမည်ရင်းမှာ Zoe Sugg ဖြစ်ပါတယ်။ 
You Tube ကို စတင် အသုံးပြုခဲ့သည့် အချိန်မှာ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတည်းက ဖြစ်ပါတယ်။ Zoella သည် Wiltshire မှ ၂၄နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ပြီး ခေတ်ဟောင်းဖက်ရှင် နှင့် အလှအပဆိုင်ရာ ဗီဒီယို blogger ဖြစ်ပါသည်။ Jenna Marbles www.youtube.com/user/JennaMarbles တွင် သွားရောက် ကြည့် ရှုနိုင်မည် ဖြစ်ပြီး အမည်ရင်းမှာ Jenna Mourey ဖြစ်ပါတယ်။
 ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလမှာ You Tube ကို စတင် သုံးစွဲခဲ့တာဖြစ်ပါတယ်။ အသက် ၂၈နှစ်အရွယ် အမေရိကန်လူမျိုး Jenna Marbles သည် သူမရဲ့နေ့စဉ်ဘဝအကြောင်းကို ကာတွန်းလေးတွေအဖြစ် ပိုစ့်တင်ခဲ့ရာက နာမည်ကျော်လာခြင်း ဖြစ်ပါတယ်။
 Smosh https://www.youtube.com/user/smosh တွင် သွားရောက် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Ian Andrew Hecox နှင့် Anthony Padilla တို့ နှစ်ယောက် ပူးတွဲ အသုံးပြု တာ ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ် နိုဝင် ဘာလမှ စ၍ You Tube ကို အသုံးပြုခဲ့တာ ဖြစ်ပြီး နှစ်ယောက်စလုံးမှာ အသက် ၂၇နှစ် သာ ရှိသေးကာ California မှ ဟာသ သရုပ်ဆောင် နှစ်ဦး ဖြစ်ပါတယ်။
 PewDiePie https://www.youtube.com/user/PewDiePie တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး အမည်ရင်းမှာ Felix Kjellberg ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဧပြီလမှ စ၍ You Tube ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ၂၅နှစ်အရွယ် ဆွီဒင်လူမျိုး PewDiePie သည် ဗီဒီယို ဂိမ်းများနှင့် ပတ်သတ်ပြီး နာမည်ကျော်ခဲ့တာ ဖြစ်ပါတယ်။


Credit :  http://news.sky.com