Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေး ကို စတင် ဦးဆောင်ခဲ့သူ Albert Maysles ကွယ်လွန်

မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေး ကို စတင် ဦးဆောင်ခဲ့သူ Albert Maysles ကွယ်လွန်

| No comment

မှတ်တမ်း ရုပ်ရှင် (Documentary) ရိုက်ကူးရေး ကို စတင် ဦးဆောင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ Albert Maysles ဟာ နယူးယောက်မြို့ က သူ့ရဲ့ နေအိမ်မှာပဲ ကွယ်လွန် သွားခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာ Albert Maysles ဟာ အသက် ၈၈ နှစ် ရှိနေပါပြီ။ Albert Maysles နဲ့ သူ့ရဲ့  ညီဖြစ်သူ David တို့ဟာ Marlon Brandon ၊ Orson Welles ၊ The Beatles တို့ အကြောင်းများကို ၁၉၆၀ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ် ၀န်းကျင်များတွင် မှတ်တမ်း ရုပ်ရှင်များ ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။
ဒါ့အပြင် ၁၉၆၉ ခုနှစ်က Rolling Stone အဖွဲ့ ရဲ့  အမေရိက နယ်လှည့်ဖျော်ဖြေပွဲ အကြောင်းကို ရိုက်ကူးထားတဲ့ Gimme Shelter ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်နဲ့ ၁၉၇၀ ခုနှစ်မှာ စတင်အောင်မြင် ခဲ့ပါတယ်။ သူတို့ ညီအစ်ကို ၂ ယောက် ဟာ တွဲဖက်ပြီး ၁၉၇၅ ခုနှစ်မှာ အမေရိကန် သမ္မတ ကတော် Jackie Kennedy ရဲ့ မောင်နှမ မိသားစု အကြောင်း အခြေခံထားတဲ့ Grey Gardens ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့ရာ ၂၀၀၇ ခုနှစ်မှာ Tony Award-Winning ဆုကို ရရှိခဲ့ပါတယ်။
ထို ဇာတ်ကား မှာတော့ Jessica Lange နဲ့ Drew Berrymore တို့က သရုပ်ဆောင်ပေးခဲ့ပါတယ်။ Maysles ရဲ့  ညီဖြစ်သူ David ဟာ ၁၉၈၇ ခုနှစ်မှာ သေဆုံး သွားခဲ့တဲ့နောက် Maysles ဟာ Paul MaCartney နဲ့ ပူးပေါင်းပြီး World Trade Centre အဖြို ခံရတဲ့ ဖြစ်ရပ် 9/11 မှတ်တမ်း ရုပ်ရှင်ကို ထပ်မံ ရိုက်ကူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာတော့ လက်ရှိ အမေရိကန် သမ္မတ Obama က Maysles ကို အမျိုးသား အနုပညာဆု ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news