Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂၀၁၇ မတ်လမှာ ထွက်ရှိလာမယ့် “Beauty and the Beast” အသွင်သစ်

၂၀၁၇ မတ်လမှာ ထွက်ရှိလာမယ့် “Beauty and the Beast” အသွင်သစ်

| No comment

၁၉၉၁ ခုနှစ်က Disney မှ ထုတ်လုပ်ခဲ့သော Beauty and the Beast ကာတွန်း ဇာတ်ကားကို အခြေခံကာ အသွင် သစ်ဖြင့် 3D စနစ်ဖြင့် ကြည့်ရှုရမည့် Beauty and the Beast ကို ၂၀၁၇ မတ်လ ၁၇ ရက် တွင် ပြသမည် ဖြစ်ကြောင်း တရား ဝင်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။
ထို ဇာတ်လမ်း ထဲတွင် Belle အဖြစ် Emma Watson ၊ Beast တစ်ဖြစ်လဲ Prince အဖြစ် Downton Abbey စတား Dan Stevens တို့က အဓိက ပါဝင် သရုပ်ဆောင် မည် ဖြစ်ပြီး Luke Evans က Gaston အဖြစ်လည်းကောင်း Mrs.Potts အဖြစ် Emma Thompson နှင့် Belle ၏ အဖေဖြစ်သူ Maurice အဖြစ် Kevin Kline က ပါဝင် သရုပ်ဆောင် သွား မှာ ဖြစ်ပါတယ်။ 
Disney ၏ ထုတ်ပြန်ချက် များ အရ အော်စကာ ဆု ၈ကြိမ် ရရှိခဲ့သည့် Alan Menken သည် ၁၉၉၁ ခုနှစ် တွင် အကယ်ဒမီ ၂ဆု ရခဲ့သူ လည်းဖြစ်ကာ ယခု ရုပ်ရှင် အတွက်လည်း အမှတ် အများအပြား ရနိုင်မည်လို့ ယုံ ကြည် ထား ပါတယ်။ ထုတ်လုပ်မှုကို လန်ဒန်ရှိ Shepperton Studio တွင် မေလမှ စတင်ကာ လုပ်ဆောင် သွား မှာ ဖြစ်ပါတယ်။


Credit : http://www.usatoday.com