Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / တူမလေး အတွက် ဂါဝန် ၀တ်ပြီး ရုပ်ရှင် သွားကြည့်ခဲ့တဲ့ တက်တူးတွေ အပြည့်နဲ့ အမျိုးသား

တူမလေး အတွက် ဂါဝန် ၀တ်ပြီး ရုပ်ရှင် သွားကြည့်ခဲ့တဲ့ တက်တူးတွေ အပြည့်နဲ့ အမျိုးသား

| No comment

Tattooed တွေရှိနေတဲ့ အမျိုးသားတွေဟာ လူမိုက်တွေတော့ မဟုတ်ကြပါဘူး။ သူတို့မှာလည်း ကြင်နာ တတ်တဲ့ စိတ်ရှိတယ်။ ကလေးတွေကို ချစ်တတ်တဲ့ စိတ်ရှိတယ် ဆိုတာကို Jesse Nagy ဆိုသူက ပြသခဲ့ပါတယ်။ မုတ်ဆိတ်မွေးတွေနဲ့ တစ်ကိုယ်လုံး  Tattooed တွေထိုးထားတဲ့ Jesse Naggy ဟာသူ့ရဲ့ တူမလေး Izzy အတွက် ထူးထူး ဆန်းဆန်းတွေ လုပ်ပြလိုက်ပါတယ်။ 
Jesse Nagy ရဲ့ တူမဖြစ်သူ Izzy ဟာ သူမရဲ့ ကာတွန်း ကားတွေထဲ က ဇာတ်ကောင်တွေ ၀တ်လေ့ရှိတဲ့ ဂါဝန်ကို ၀တ်ပြီး ရုပ်ရှင် သွားကြည့် ဖို့အတွက် ရှက်ပြီး မ၀တ် ရဲဖြစ်နေခဲ့ပါတယ်။ ဒါကို ဦးလေးဖြစ်သူ Tattooed တွေ အပြည့် ထိုး ထား တဲ့ Jesse Naggy ကလည်း သူ့ တူမလေး ကဲ့သို့ ဂါဝန်မျိုးကို သူငယ်ချင်း တစ်ယောက်စီက ငှား ၀တ်ပြ ခဲ့ တဲ့နောက် Izzy လေးလည်း ထို ဂါဝန်မျိုးကို ၀တ်ရဲတဲ့ သတ္တိရှိသွားပြီး တူဝရီး ၂ ယောက်လုံး ဂါဝန် ကိုယ်စီ ၀တ်ကာ ရုပ်ရှင် သွားကြည့်ခဲ့ကြပါတယ်။
Alabama ပြည်နယ် ၊ ဖလော်ရီဆန့် မြို့  မှာနေတဲ့ Jesse ဟာ သူနဲ့ သူ့တူမလေးနဲ့ ဂါဝန်ကိုယ်စီ ၀တ် ထား တဲ့ ဓါတ်ပုံကို လူမှုကွန်ရက်တွေဖြစ်တဲ့ Reddit နဲ့ Facebook တွေမှာလည်း တင် ထားခဲ့ ပါ တယ်။ နောက် ဆုံးတော့ ကာတွန်းကားထဲက မင်းသမီးတွေ ၀တ်တဲ့ ဂါဝန်မျိုးကို မ၀တ်ရဲတဲ့ Izzy လေးဟာ သူ့ရဲ့  ဦးလေးဖြစ်သူ Jesse ရဲ့ အပြု  အမူကြောင့် ထို ဂါဝန်ကို အမြဲတမ်း အတွက် ၀တ်ဆင်ရဲခဲ့ သလို Tattooed တွေ ထိုးထားတဲ့ ယောကျာင်္း ရင့်မာကြီး တန်မဲ့ တူမလေး အတွက် ဂါဝန် လိုက်ဝတ် ခဲ့တဲ့ ဦးလေးရဲ့ အပြု အမူကို မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ 


Credit : http://www.mirror.co.uk/news