Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဒိုင်လျှိုလေး လမ်းခွဲခဲ့ကြတဲ့ Bradley Cooper တို့ စုံတွဲ

ဒိုင်လျှိုလေး လမ်းခွဲခဲ့ကြတဲ့ Bradley Cooper တို့ စုံတွဲ

| No comment

GQ မဂ္ဂဇင်းမှာ ခန္ဓာကိုယ် တစ်ဝက် အဖော်အချွတ် ဓါတ်ပုံရိုက် ခဲ့တဲ့ မော်ဒယ်လ် မလေး Suki Waterhouse ကို အားလုံး မှတ်မိကြမှာပါ။ အခုတော့ အဲဒီမော်ဒယ်လ် မလေးဟာ သူ့ရဲ့ ချစ်သူကောင်လေးဖြစ်တဲ့ American Sniper ဇာတ်လမ်းရဲ့ မင်းသား Bradley Cooper နဲ့ ပြတ်စဲလိုက် ကြပြီဆိုတာကို အတည်ပြုပြောကြား လိုက်ပါပြီ။ ဒီသတင်းကို သယ်ဆောင်လာတာ ကတော့ People မဂ္ဂဇင်းဖြစ်ပြီး စိတ်ဝင် စားစရာကောင်း တာတစ်ခု ကတော့ Bradley Cooper တို့အတွဲဟာ အခုမှ လမ်းခွဲလိုက်ကြတာ မဟုတ်ပဲ ဇန်န၀ါရီလ ကတည်းက လမ်းခွဲလိုက် ကြတာဖြစ်ပြီး ထိုသတင်းကို ထုတ်မပြောပဲ ဒိုင်လျှိုလေး ထားခဲ့ကြ တာဖြစ် ပါတယ်။
သူတို့ ၂ ယောက်ဟာ လမ်းခွဲလိုက်တယ် ဆိုပေမယ့်လည်း မထင်မှတ်ထားတဲ့ ဆက်ဆံရေး မျိုးရှိနေ ပါသေးတယ်။ သူတို့ ၂ ယောက်ဟာ အချစ်ဆုံး သူငယ်ချင်းတွေ အသွင်မျိုးလည်း ဆက်လက်နေ ထိုင်နေ ကြပါတယ်။ Bradley Cooper တို့အတွဲဟာ အော်စကာ ဆုပေးပွဲမတိုင်ခင် ကတည်းက လမ်းခွဲ ခဲ့ကြပေ မယ့် လည်း Oscar ဆုပေး ပွဲကိုတော့ အတူ တက်ရောက် ခဲ့ကြပါသေးတယ်။ 
ဒါ့အပြင် သူတို့ ၂ ယောက်ဟာ နောက်တစ်နေ့ ညမှာလည်း ညစာ အတူ ထွက်စား ခဲ့ကြပါသေးတယ်။ Bradley Cooper နဲ့ Suki Waterhouse တို့ဟာ ၂၀၁၃ ခုနှစ် မတ်လ က စတင်ပြီး ၂ နှစ်ခန့် လက်တွဲ ခဲ့ကြပြီး သူတို့ ၂ယောက်ရဲ့ သီးသန့် အချိန်တွေကို အမြဲတမ်း ဖုန်းကွယ်ထားတဲ့ Celeberity တွေဖြစ်ကြ တယ်လို့ သိရပါတယ်။


Credit :  http://www.starpulse.com/news