Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / မကြာခင်မှာပဲမင်္ဂလာပွဲ သတင်းကို ကြားရတော့မယ့် Britney Spears

မကြာခင်မှာပဲမင်္ဂလာပွဲ သတင်းကို ကြားရတော့မယ့် Britney Spears

| No comment

ပေါ့ပ် အဆိုတော်မလေး Britney Spears ဟာ သူ့ရဲ့ ချစ်သူကောင်လေး အသစ် Charlie Ebersol နဲ့ ချစ် ကြိုက်နေ တဲ့ အကြောင်းတွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မကြာခင်မှာပဲ သူတို့ ၂ ယောက်ရဲ့ မင်္ဂလာပွဲ သတင်း ကို ထပ်မံ ကြားရဦးမှာပါ။ Britney Spears နဲ့ Charlie Ebersol တို့ဟာ တွဲလာခဲ့ကြတာ လအနည်းငယ်ပဲ ရှိသေးတဲ့အတွက် ပရိတ်သတ်တွေအားလုံး ကလည်း လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်နေပေမယ့် လည်း ပေါ့ပ် အဆိုတော်မလေး က Extra သတင်းဌာနကို ပြောကြားခဲ့တာကတော့ “ရှင်တို့နားလည်နိုင်မှာမဟုတ်ပါဘူး။ 
Charlie ကို ကျွန်မဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပိုင်ဆိုင်ခွင့်ရတာ အရမ်းကို ကျေနပ် ဖို့ကောင်း ကပါ တယ်” လို့ ကလေး ၂ယောက်ရဲ့မိခင်ဖြစ်သူ Britney က ဆိုပါတယ်။ အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ Britney Spears ဟာ သူမရဲ့ ဒုတိယ အိမ်ထောင်ဖြစ်တဲ့ Kevin Federline နဲ့ ၂၀၀၇ ခုနှစ်မှာ ကွာရှင်းခဲ့ပြီး Sean နဲ့ Jayden ဆိုတဲ့ သား ၂ ယောက်လည်း ရှိပါတယ်။ သူမရဲ့ သား ၂ ယောက်နဲ့အတူ သူမရဲ့ ချစ်သူ အ သစ်ဖြစ် တဲ့ Charlie Ebersol နဲ့ သူမနဲ့ ၄ ယောက် အတူ ရိုက်ထားတဲ့ ဓါတ်ပုံကိုလည်း သူမရဲ့ Instagram မှာ တင်ထားခဲ့ပါတယ်။ 


Credit : http://www.lifeandstylemag.com