Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဆံပင် အညိုရောင်ပြောင်းပြီး နှာခေါင်းမှာ စိန်တစ်ပွင့် တပ်ထားတဲ့ Cameron Diaz

ဆံပင် အညိုရောင်ပြောင်းပြီး နှာခေါင်းမှာ စိန်တစ်ပွင့် တပ်ထားတဲ့ Cameron Diaz

| No comment

Cameron Diaz ဟာ သူရဲ့ ရွှေအိုရောင် ဆံနွယ်တွေကို အညိုရောင် ကာလာ အဖြစ် ပြောင်းလဲ ထားပါသတဲ့။ ပြီးတော့ မင်းသမီးဟာ နှာခေါင်း မှာလည်း စိန်တစ်ပွင့် တပ်ဆင် ထားပြန်ပါသတဲ့။ ဒီတစ်ပတ် ပိတ်ရက်မှာ Los Angeles, Calif ရှိ The Nice Guy စားသောက်ဆိုင် ကို သူရဲ့ ခင်ပွန်းဖြစ်သူ Benji Madden နဲ့အတူ သူရဲ့ ဖက်ရှင် စတိုင် အသစ်နဲ့ လာရောက် ခဲ့တာဖြစ်ပါတယ်။
ကြည့်ရတာ ခင်ပွန်းဖြစ်သူ ဂစ်တာသမားဟာ သူရဲ့စတိုင်အပေါ် လွှမ်းမိုးထားပုံပါပဲ။ Cosmopolitan’s UK edition မှ လတ်တစ်လော အင်တာဗျူးမှာ Diaz ဟာ သူ့ရဲ့ ငယ်ရွယ်နုပျို မှု၊ စွမ်းအားတွေ နဲ့အတူ ဆွဲဆောင် မှုတွေ ရဲ့ လျှို့ ၀ှက်ချက်ကို “ ကျွန်မတို့ဟာ အကြောင်းအရာ မျိုးစုံကို လုပ်ဆောင်နိုင်ဖို့ အတွက် ကျန်း ကျန်း မာမာ ရှိနေ ဖို့လိုပါတယ်” လို့ ပြောဆိုသွားပါတယ်။ ဒီတော့ သူနဲ့ Madden ဟာ ညတိုင်း ည တိုင်း ပျော် ရွှင် ကြတာကို သိနိုင်ပါတယ်။ 
၄၂ နှစ်အရွယ် နာမည်ကျော်မင်းသမီးဟာ သူရဲ့ ကျန်းမာလှပတဲ့ လူနေမှုပုံစံအပေါ် “ ကျန်းမာခြင်းဟာ မျှ တတဲ့ အဟာရ စားသောက်မှုနဲ့ လည်း သက်ဆိုင်ပါတယ်။ ကိတ်မုန့် တစ်လုံးလုံးကို စားပစ်မယ့် အစား တစ်စိတ်လောက် စားနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် အလို မလိုက် သင့် ပါဘူး။ပျော်ပျော် ရွှင်ရွှင်နေပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်ပါတယ် “ လို့ လည်း ပြောပြသွားပါသေးတယ်။ 


Credit : http://www.starpulse.com/news