Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / နာမည်ကျော် အဆိုတော် Charmayne Maxwell ဟာ အက်စီးဒင့်တစ်ခုကြောင့် ကွယ်လွန်သွားပါပြီ!

နာမည်ကျော် အဆိုတော် Charmayne Maxwell ဟာ အက်စီးဒင့်တစ်ခုကြောင့် ကွယ်လွန်သွားပါပြီ!

| No comment

ဒီတစ်ပတ် ပိတ်ရက်အတွင်းမှာ Brownstone အဆိုတော် Charmayne Maxwell ဟာ ထူးဆန်းတဲ့ အက်စီး ဒင့် တစ်ခုကြောင့် Los Angeles, Calif သူ့နေအိမ်မှာ သေဆုံးသွားပါတယ်။ Los Angeles ရဲဋ္ဌာနရဲ့ စစ်ဆေး ချက် အရ Maxwell, ၄၆ နှစ်ဟာ ၀ိုင်ခွက်အကွဲပေါ်ကို ချော်လဲကျပြီး လည်ပင်း မှပြတ် ရှ ဒဏ် ရာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။
 သက်ဆိုင်ရာ အာဏာပိုင်တွေက ဒါဟာလုပ်ကြံသတ်ဖြတ်မှု မဖြစ်နိုင်ဘူးလို့ ယုံကြည်ထားပါတယ်။ TMZ.com သတင်းဋ္ဌာနအရ သူ့ရဲ့ ခင်ပွန်းဖြစ်သူ သီချင်းထုတ်လုပ်သူ Carsten Soulshock ဟာ ညနေပိုင်း အိမ်ပြန်ရောက်တဲ့အချိန်မှာ Maxwell ကို သွေးထွက်လွန်ပြီး သတိလစ်မေ့မြောနေ တာ ကို တွေ့ရှိ ခဲ့တာဖြစ်ပါတယ်။
 ၉၁၁ ကို ဆက်သွယ်ခဲ့ပေမယ့်လည်း Cedars Sinai ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါသတဲ့။ Bronwsotne ဟာ “If You Love Me” “ Grapevyne” နဲ့ “ Pass the Lovin “ သီချင်းများဖြင့် လူသိ များ ခဲ့ပြီး ၁၉၉၅ ခုနှစ် အကောင်းဆုံး R&B ဖျော်ဖြေတင်ဆင်မှု Grammy ဆုအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ 
သူ့ရဲ့ မောင်ဖြစ် သူ Brandon ကတော့ အစ်မဖြစ်သူရဲ့ အချိန်မတိုင်ခင်သေဆုံးခဲ့ရမှုအပေါ် ယူကျုံး မရဖြစ်နေ ရှာပါတယ်။ Instagram က သူ့ရဲ့စာမျက်နှာမှာ “ ကျွန်တော့်ရဲ့ လှပတဲ့အစ်မ “Maxee” Maxwell ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ။ 
အစ်မဟာ ဒီထက်ပိုပြီး အချိန်ကြာကြာနေသင့်ပါတယ်။ အစ်မမှာ ပင် ကိုယ် အရည်အသွေးတွေရှိပြီး အဆိုတော်ဘ၀နဲ့ ပိုပြီးအောင်မြင်ကျော်ကြားနိုင်ပါသေးတယ်။ အစ်မဆီကနေ ကျွန်တော်အင်အားတွေ စိတ်ဓါတ်ခွန်အားတွေ အများကြီးရရှိခဲ့ပါတယ်။ အစ်မကို ကျွန်တော် အရမ်းချစ်ပါတယ်။ အစ်မရဲ့ မောင်ဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော်အရမ်းပျော်ရွှင်ဂုဏ်ယူပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။ 


Credit : http://www.starpulse.com/news