Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Chirs Brown အတွက်သတင်းကောင်း!

Chirs Brown အတွက်သတင်းကောင်း!

| No comment

နောက်ဆုံး မှာတော့ Chris Brown ဟာ သူ့ရဲ့ ရည်းစားဟောင်း Rihanna ကို ၂၀၀၉ ခုနှစ်က ကိုယ်ထိ လက်ရောက် အကြမ်းဖက်မှု အတွက် စောင့်ကြည့်ထိန်းသိမ်းထားတဲ့ကာလ ကုန်ဆုံး သွားပြီဖြစ်ပါတယ်။ Hip Hop ငွေကြယ်ပွင့် တစ်ယောက်ဖြစ်တဲ့ Chris Brown ဟာ Los Angeles မှာရှိတဲ့ တရားရုံး ကို သောကြာနေ့ ကသွားရောက် ခဲ့ပြီးနောက် ပြစ်ဒဏ်အဖြစ် ချမှတ်ခဲ့တဲ့ နာရီပေါင်း တစ်ထောင် ကြာ စောင့်ကြည့်ထိန်း သိမ်းမှု ပြီး ဆုံးသွားပြီဖြစ်ကြောင်း တရားသူကြီးမှ စီရင်ချက် ချခဲ့ပါတယ်။
San Jose မြို့ မှာပြုလုပ်မည့်ပွဲမှ ခွင့်ပြုချက် မရဘဲ Los Angeles မြို့ကိုသွားရောက်ခဲ့တဲ့အတွက် Trey Songz နဲ့အတူ ခရီးသွားမယ့် အစီအစဉ်ကို ရွေ့ ဆိုင်းဖို့ ဖိအားပေးခံရပြီး နောက်နှစ်လ အထိ Chris Brown အတွက် အစစအရာရာ အဆင်မပြေမှု များနဲ့ ကြုံတွေ့နေရပါတယ်။ Chirs Brown ဟာ ထောင် အတွင်းနေ ထိုင် ခဲ့ရပြီး ခုအခါ တရားရုံးက သက်ညှာသည့် အနေဖြင့် စောင့်ကြည့်ထိန်းသိမ်းမှုမှ ကင်းလွတ်ခွင့် ချမှတ် ခဲ့ခြင်းဖြစ်ပါတယ်။ Chris Brown ဟာလွန်ခဲ့တဲ့နှစ်က ထောင်ထဲမှာ အချိန်ကုန် ဆုံးခဲ့ရပြီး သူ့ ရဲ့အတိတ် ကပြစ်မှုကျူး လွန်ခဲ့မှု အတွက် Canada တွင်ပြုလုပ်မည့် ရှိုးပွဲတွေကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။


Credit : http://www.starpulse.com