Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Downtin Star က Emma Watson နှင့်အတူ သားရိုင်းကောင်အဖြစ် သရုပ်ဆောင်မည်

Downtin Star က Emma Watson နှင့်အတူ သားရိုင်းကောင်အဖြစ် သရုပ်ဆောင်မည်

| No comment

Dan Stevens က ၄င်း၏ twitter တွင် "BEAST MODE" ဟူ၍ ရေးသားခဲ့ပြီး Disney ဇာတ်ကောင်၏ သင်္ကေတဖြစ်ကြောင်း အားလုံးက ခန့်မှန်း မိခဲ့ကြပါတယ်။ ရရှိသော သတင်းများအရ Dan Stevens သည် ခေတ်သစ် Beauty and The Beast ဇာတ်ကားတွင် Belle အဖြစ် သရုပ်ဆောင်မည့် Emma နှင့်အတူ သူက Beast အဖြစ် ပါဝင် သရုပ်ဆောင်မည် ဖြစ်ပါတယ်။ 
Stevens အနေဖြင့် ယခုလို Twitter မှာ "BEAST MODE" ဆိုတာ စာသားပုံကို တင်လိုက်တာက သူပါဝင် သရုပ်ဆောင်မှာ အမှန်ပဲဖြစ်ကြောင်း အတည်ပြုလိုက်တာနဲ့ တူတူပါပဲ။ သူသည် The Guest, Night At The Museum: Secret Of The Tomb နှင့် A Walk Among The Tombstones အစရှိတဲ့ ဇာတ်ကားတွေမှာ လည်း ပါဝင် သရုပ်ဆောင် ခဲ့ဖူးပါတယ်။ ဇန်နဝါရီလတုန်းက Emma က Belle အဖြစ် သရုပ်ဆောင် ရမယ့်ဆိုတဲ့ အတွက်ကြောင့် အရမ်းကိုပဲ စိတ်လှုပ်ရှား မိကြောင်း ပြောခဲ့ ပါသေးတယ်။ ကြာသပတေးနေ့ တုန်းကလည်း သူမ၏ Twitter တွင် ဒီလူသာ Beast ဖြစ်မယ်ဆို ဒီထက် ပိုပျော်မှာ မဟုတ်တော့ ဘူး ဆိုကာ ကြို ဆိုကြောင်း ရေးသားခဲ့ပါသေးတယ်။
 ဒီနှစ်နောက်ပိုင်းမှာ ဒီကားကို စတင်နိုင်မယ်လို့ ထုတ်လုပ်သူ ဘက်က ခန့်မှန်း ထားရှိပါတယ်။ Twilight ဒါရိုက်တာ Bill Condon နှင့် Mandeville Films' ထုတ်လုပ်သူတွေ ဖြစ်ကြတဲ့ David Hoberman နှင့် Todd Lieberman တို့က ပူးပေါင်း ရိုက်ကူး ထုတ်လုပ်မှာ ဖြစ်ကြောင်း Disney ဘက်က ကြေငြာခဲ့ပါတယ်။ မူရင်း Beauty And The Beast ကို ၁၉၉၁ ခုနှစ်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး အသံ သရုပ်ဆောင်တွေ အဖြစ် Paige O'Hara က Belle အဖြစ် လည်းကောင်း၊ Robby Benson က Beast အဖြစ် လည်းကောင်း ပါဝင် တင်ဆက်ပေးခဲ့ပါတယ်။ မတ်လ ၂၇ တွင် UK မှာ သတင်း အတိအကျ  ထုတ်ပြန် မယ်လို့လည်း သိရှိ ရ ပါ တယ်။


Credit :  http://news.sky.com