Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Gal Gadot ရဲ့ ရင်သားတွေဟာ သေးငယ်နေတဲ့အတွက် Wonder Women ဇာတ်ကောင်ရဲ့ ပရိတ်သတ်တွေဟာ စိတ်တိုင်းမကျဖြစ်နေကြပါသတဲ့!

Gal Gadot ရဲ့ ရင်သားတွေဟာ သေးငယ်နေတဲ့အတွက် Wonder Women ဇာတ်ကောင်ရဲ့ ပရိတ်သတ်တွေဟာ စိတ်တိုင်းမကျဖြစ်နေကြပါသတဲ့!

| No comment

Gal Gadot ကို Wonder Woman ဇာတ်ကောင် အဖြစ် ရွေးချယ် လိုက်တာဟာ သိပ်တော့ အံ့သြ စရာ မဟုတ်ပါဘူး။ Israeli  နွယ်ဖွား မင်းသမီးဟာ Zack Snyder ရိုက်ကူးမယ့် “ Batman v Superman: Dawn of Justice “ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ၂၉ နှစ် အရွယ်ငွေကြယ်ပွင့် မှာ ဒီ ထင်ရှားတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင် သရုပ်ဆောင်ဖို့ တောင့် တင်းတဲ့ ခန္ဓာ ကိုယ် ကောက်ကြောင်းတွေ မရှိဘူးလို့ အများစုက ဆိုကြပါသတဲ့။ 
သူ့ကို မကောင်းပြောသူတွေကို “ သူတို့က ပြောတယ် ကျွန်မက ပိန်လွန်းတယ်၊ ပြီးတော့ ကျွန်မရဲ့ ရင်သားတွေ က သေးငယ်လွန်းတယ်၊ ကျွန်မရဲ့ ခေါင်းက ကြီးပြီး ကိုယ်လုံးက တံမြက်စည်း တုတ်ချောင်း လိုပဲတဲ့။ ကျွန်မကို ထိခိုက် နစ်နာအောင် ပြောနေ ကြတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။ ပြီးတော့ ပြင်းပြင်း ထန်ထန် ဝေဖန်နေကြတာပေါ့” လို့ Robot Underdog ကို ပြန်လည်ပြောကြား သွားခဲ့ ပါတယ်။
 ပြီးခဲ့တဲ့ နွေရာသီက Comic Con မှာ Syder က ပရိတ်သတ်တွေ အတွက် ရုပ်ရှင် အမြည်းအဖြစ် Gadot ကို Wonder Woman ရဲ့ ၀တ်စုံပြည့် ဝတ်ဆင်ပြီး ရုပ်ပြ ကာတွန်းထဲက လူစွမ်းကောင်း မိန်းမတွေ အတိုင်း ရိုက်ကူးပြသ ခဲ့ပါတယ်။ Wonder Woman ဟာ ဒဏ္ဍာရီထဲက လူစွမ်းကောင်း တိုက်ပွဲဝင် မင်းသမီး တစ်ပါး ဖြစ် ပြီး Gadot က တစ်ကယ့် လူစွမ်းကောင်း အမျိုးသမီးတွေဟာ သူတို့ရဲ့  ညာဘက် ရင်သား တစ်ဘက် ကို ဖြတ်ထုတ် ထားကြတာဖြစ်တယ်လို့ ထောက်ပြပြောဆိုသွားပါတယ်။ ဒါပေမယ့် ရုပ်ရှင် ထဲ မှာတော့ ဒီအကြောင်း အရာတွေ မပါဝင်ဘူးပေါ့။ ဒီ ရုပ်ရှင် ဇာတ်ကားကို ၂၀၁၆ ခုနှစ် မတ်လ ၂၅ရက်နေ့ မှာ ရုံတင်ပြသဖို့ စီစဉ်ထားတာဖြစ်ပါတယ်။


Credit : http://m.starpulse.com/news