Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲခဲ့တဲ့ ‘Good Morning America’ ဇာတ်လမ်းရဲ့ တွဲဖက်သရုပ်ဆောင်

ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲခဲ့တဲ့ ‘Good Morning America’ ဇာတ်လမ်းရဲ့ တွဲဖက်သရုပ်ဆောင်

| No comment

‘Good Morning America’  ရုပ်ရှင်ရဲ့ တွဲဖက် သရုပ်ဆောင်ဖြစ်တဲ့ Lara Spencer ဟာ သူရဲ့ ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း CNN ရဲ့ သတင်းထောက်ဖြစ်သူ David Haffenreffer ကပြောကြားခဲ့ပါတယ်။ အနုပညာရှင်တွေ ကွာရှင်းကြတယ် ဆိုတာဟာ တစ်ကယ်ပဲ စိတ်မကောင်း စရာ သတင်း ပါပဲ။ Spencer နဲ့  သူ့ရဲ့  ခင်ပွန်းကလည်း သူတို့  ရဲ့  လမ်းခွဲခြင်းကို တက်နိုင်သမျှ ယဉ်ကျေးညင် သာအောင် လုပ်ဆောင်နေကြပါတယ်။
‘အများကြီး စဉ်းစားပြီးတဲ့နောက် မှာတော့ ဂရုစိုက်ခြင်းတွေ၊ စာနာခြင်းတွေနဲ့  ဘဲလမ်းခွဲဖို့  ဆုံးဖြတ် လိုက်ပါတယ်။ အချင်းချင်း လေးစား ချစ်မြတ်နိုးရရုံ သာမက သားသမီးတွေကြောင့် ခုလို ဆုံးဖြတ်ရတာ ၀မ်းနည်း စရာကောင်း ပြီး မလွယ်ကူ ခဲ့ပါဘူး။ သားသမီးတွေဟာ ကျွန်မတို့ရဲ့ အလေး အထားဆုံးဖြစ်တဲ့ အတွက် ကျွန်မတို့ အတူတကွ ဂရုစိုက်ပြီးမြေတောင်မြှောက်ပေး သွားမှာပါ’ လို့ Spencer က ပြောခဲ့ ပါတယ်။
Spencer တို့ လင်မယားဟာ လမ်းခွဲလိုက်ပေမယ့် လည်း မိတ်ဆွေ သူငယ်ချင်း လိုနေရုံမကပဲ သူတို့ ကလေးတွေနဲ့ အတူ ဒီတစ်ပတ် ထဲမှာ ပဲ ပျော်ပွဲစား ထွက်လိုက်ကြ ပါသေး တယ်။ ဘယ်သူ့  ရဲ့  ကြောက်ရွံ့ မနေပဲ ခင်ပွန်းဟောင်းဖြစ်သူရဲ့ ဇိမ်ခံကားကြီးနဲ့ ခရီးထွက်နိုင်ဖို့   ညှိနှိုင်းနိုင် တဲ့ သူတို့ ရဲ့ လမ်းခွဲခြင်းဟာ ဘယ်လောက် ထူးဆန်းလိုက်သလဲ။ 


Credit : http://m.starpulse.com/news