Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Iggy Azalea ဟာ Great Escape Tour ကို ရွေ့ဆိုင်း ထားပါသတဲ့

Iggy Azalea ဟာ Great Escape Tour ကို ရွေ့ဆိုင်း ထားပါသတဲ့

| No comment

Iggy Azalea’s ဟာ “ Fancy “ သီချင်းပိုင်ရှင် Nick Jonas နဲ့အတူ Tinashe တို့ နဲ့ နယ်လှည့် ဖျော်ဖြေမှု အစီအစဉ်ကို ရွှေ့ ဆိုင်း လိုက်ပါသတဲ့။ ဧပြီလ လယ်မှာ စတင်ရမယ့် သူ့ရဲ့ Great Escape Tour ကို Azalea Management ကုမ္ပဏီက ရွှေ့ ဆိုင်း လိုက်တာ ဖြစ်ပါတယ်။ Jonas နဲ့ Tinashe ဟာ ဖျော်ဖြေမှု ခရီးစဉ် အတွက် နေ့ရွေး ချယ်စဉ် ကတည်းက ပဋိပက္ခတွေ ဖြစ်ခဲ့ကြပြီး စက်တင်ဘာလ အဖြစ် သတ်မှတ်ခဲ့ တဲ့ အတွက် ခုလာမယ့် ဖျော်ဖြေရေး ခရီးစဉ်မှာ ပါဝင်မှာ မဟုတ်တော့ပါဘူး။
Billboard ဖော်ပြချက် အရ Def Jam တေးသံသွင်း ရဲ့ လှည့်လည်ဖျော်ဖြေမှု အစီ အစဉ် ထုတ် လုပ် မှု နှောင့်နှေး တာကြောင့် ခရီးစဉ်ကို ရက်ရွှေ့ ဆိုင်းခဲ့ရတာ ဖြစ်ကြောင်း သိရပါတယ်။ Azalea ဟာ Promotion အစီအစဉ် မရှိ ခဲ့တဲ့ အပြင်သူရဲ့  Management အဖွဲ့နဲ့ အခြေ အတင်ဖြစ်ခဲ့ တာကြောင့် မြောက် အမေရိကဘက် နယ်လှည့် ဖျော်ဖြေရေးကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ကြောင်း သတင်းပေးပို့ ချက်တွေအရ သိရပါတယ်။ 
Def Jam တေးသံသွင်း ရဲ့ ပြောပြချက် အရ Creative အဖွဲ့  ရဲ့ လုပ်ဆောင် မှုတွေနဲ့ နယ်လှည့် အစီအစဉ်တွေ အတွက် ညှိနှိုင်း စရာတွေ ရှိတာကြောင့် နယ်လှည့် ဖျော်ဖြေပွဲဟာ ဒီနှစ်နွေဦး အထိ အဆင်သင့်ဖြစ်မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ Iggy ဟာ သူရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံဝေ မျှနိုင်ဖို့ က ပြင်ဆင် စရာတွေ လိုအပ်နေတဲ့ အချိန်ထက် ပိုအရေးကြီးတာ ပါ လို့လည်း ပြောသွားပါသေးတယ်။ 

Credit : http://www.starpulse.com/news