Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Jamie Foxx နဲ့ Katie Holmes တို့နှစ်ယောက်အကြားမှာ တကယ်ဖြစ်နေတာ ဘာတွေလဲ?

Jamie Foxx နဲ့ Katie Holmes တို့နှစ်ယောက်အကြားမှာ တကယ်ဖြစ်နေတာ ဘာတွေလဲ?

| No comment

Jamie Foxx ကတော့ Katie Holmes နဲ့သူဟာ Animated Project အသစ် အတွက် အလုပ်လုပ်နေကြရုံ သာဖြစ်ပြီး တွဲနေကြတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်က Foxx ရဲ့  တွဲဖက် သရုပ်ဆောင်ဖြစ် ခဲ့ကြတဲ့ Tom Cruise နဲ့လမ်း ခွဲပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၃ နှစ် အတွင်းမှာ ၂ဦးသား တွဲနေကြ တာဖြစ် တယ် လို့ ကောလ ဟာလတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ 
သတင်း အတော်များများ ကတော့ People မဂ္ဂဇင်းကို ပြောကြားထား တာကတော့ သူတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော် ကတည်းက ပတ်သက်မှုရှိ ခဲ့ကြတာဖြစ်ပြီး အချိန်တော်တော် များများကို အတူတူ ကုန်ဆုံး ခဲ့ကြတာဖြစ်ကြောင်း ရေးသားဖော်ပြထား ပါသတဲ့။ ဒါပေမယ့်လည်း Foxx ကတော့ အလုပ်ပိုင်း ဆိုင်ရာ အတွက် တွေ့ကြတာဖြစ်ပြီး အချစ်ကိစ္စတွေမရှိတဲ့ ဆက်ဆံရေး ပါလို့ ပြောထားပါတယ်။
TMZ.com ကို “ ကျွန်တော်တို့က သူငယ်ချင်းတွေပါ။ CSI ရိုက်ကူးသူ Anthony Zuiker က Animation Project တစ်ခု အပ်ထားလို့ ကျွန်တော်တို့ အတူတူ အလုပ်လုပ်နေကြတာပါ” လို့ ပြောကြားသွားပါသတဲ့။  Project နဲ့ ပတ်သက်ပြီး ဘာမှ ထပ်ပြောကြားခြင်းမရှိပါဘူး။
ဒါပေမယ့် “ လူတွေက ဒီလို ပုံပြင်ကောင်းတွေ ပြော ဖို့ကြိုး စားနေကြတာ လွန်ခဲ့တဲ့ ၃နှစ် ကတည်းကပါ။ ဒါဟာ ကျွန်တောတို့ ဘ၀ရဲ့ တစ်စိတ် တစ်ပိုင်းပါ။ ကျွန်တော်တို့ကိစ္စပါ “ လို့ ထည့် သွင်းပြောကြား သွား ပါတယ်။ သူ့ပြောတာကို ယုံသင့် သလား ဒါမှမဟုတ် သူတို့ရဲ့ ဆက်ဆံရေးကို ဖုံးကွယ်ထားချင် တာလား ကတော့ စဉ်းစားစရာပါပဲ။


Credit : http://www.starpulse.com/news