Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ချစ်စရာသမီးချောကလေးပုံတင်ခဲ့တဲ့ Jenna Dewan-Tatum

ချစ်စရာသမီးချောကလေးပုံတင်ခဲ့တဲ့ Jenna Dewan-Tatum

| No comment

အသက်၂၁လ ရှိပြီဖြစ်တဲ့ Jenna Dewan-Tatumရဲ့ သမီးလေး Everly ဟာ သူ့အမေလိုပဲ အနာဂါတ်ရဲ့ အားကစားသမား တစ်ဦး ဖြစ်လာမှာလား? စနေနေ့ ကပဲ Jenna Dewan-Tatum ဟာ ပစ္စည်း ကိရိယာ အပြည့်အစုံ၊ အားကစား ဖိနပ်တို့ကို ၀တ်ဆင် ထားပြီး သူ့ ရဲ့ သမီးလေး လည်းသူ့ လိုပဲ ၀တ်ဆင်ထားတဲ့ပုံကို Instagram ပေါ်မှာ တင်ခဲ့ပါတယ်။ပုံပေါ်မှာလည်း“စနေနေ့မနက်မှာReebok တောင်ကိုတက်ဖို့ ပြင် ဆင်နေ တယ်။
ဒါပေမယ့် အကူအညီပေးမယ့် သူလေးတစ်ယောက် ငါ့မှာရှိတယ်” လို့ရေးသားထားပါတယ်။ သူမရဲ့ ပရိတ် သတ်တွေကလည်း ဓါတ်ပုံကို သဘောကျကြပြီး တစ်ယောက်ကတော့ “အရမ်း ချစ်စရာကောင်း တာပဲ” ရေးသားခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း “သူတို့ဟာ လုံးဝကို ပြီးပြည့်စုံပါတယ်” လို့ရေးသားခဲ့သလို တတိယထင်မြင်ချက်အနေနဲ့ “ဒီထက်ကောင်းတာမရှိတော့ပါဘူး…အရမ်းလှတာပဲ” လို့လည်းရေးသားထားပါသေးတယ်။
Dewan-Tatum လည်း ချက်ချင်းပဲ သူ့သမီးလေး Everly အကြောင်းကို “သမီးလေးဟာ ခံစားချက်တွေ၊ ဆန္ဒတွေကို ဆန့်ကျင်တတ်တဲ့ ကလေးမျိုးဖြစ်ပြီး သူကတော့ သမီးလေး အနေနဲ့ ယုံကြည်မှု ရှိရှိ၊ ပျော်ပျော် ရွှင်ရွှင် နဲ့ ယုံကြည်ချက် ခိုင်မြဲပြီး သက်တောင့် သက်သာနဲ့ သူရဲ့ အိမ်မက်တွေကို အကောင် အထည်ဖော်နိုင် ဖို့ပဲ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ Jenna ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ Channing Tatum နဲ့ ၂၀၀၆ ခုနှစ်မှာ ချစ်ကျွမ်းဝင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သမီးလေး Everly ကိုတော့ ၂၀၁၃ ခုနှစ်မှာမွေးဖွား ခဲ့တာဖြစ်ပါတယ်။


Credit : http://www.starpulse.com/news