Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အမြွှာကလေး ၂ ယောက်ကို ပွဲထုတ်ခဲ့တဲ့ Jennifer Lopez

အမြွှာကလေး ၂ ယောက်ကို ပွဲထုတ်ခဲ့တဲ့ Jennifer Lopez

| No comment

ပေါ့ပ် အဆိုတော် Jennifer Lopez ဟာ သူမရဲ့  ၇နှစ် အရွယ် Max နဲ့ Emme အမြွှာမောင်နှမ ကို သူမရဲ့ ရုပ်ရှင် အသစ် ထွက်ရှိခြင်း အခမ်း အနားသို့ ခေါ်ဆောင် သွားခဲ့ပါတယ်။ Dream Work ကုမ္မဏီက တင်ဆက်တဲ့ Animation ရုပ်ရှင် တစ်ခုဖြစ်တဲ့ Home ဇာတ်လမ်း အတွက် ပထမဆုံးပြသတဲ့ နေ့မှာ Jennifer Lopez သူမရဲ့ အမြွှာကလေး ၂ ယောက်ကို ခေါ်လာခဲ့ပြီး ခရမ်းရောင် ကောဇော ထက်မှာ ရုပ်ရှင်ရုံ ထဲသို့ မ၀င်ခင် သူမရဲ့  ကလေးတွေနဲ့ အတူ ဓါတ်ပုံ အရိုက်ခံ ခဲ့ပါတယ်။
Jennifer Lopez ဟာ Jim Parsons ၊ Rihanna တို့နဲ့ အတူ ထို ရုပ်ရှင် ထဲမှာ ပါဝင် သရုပ်ဆောင် ထားပြီး ထို ပွဲကိုလည်း သူမ အသံ သရုပ်ဆောင် ထားတဲ့ ဇာတ်ကောင် Zuhair Murad ရဲ့ ၀တ်စုံ အတိုင်းပဲ ၀တ်ဆင် ခဲ့တယ် လို့သိရပါတယ်။ “ကျွန်မ ကလေးတွေနဲ့ ရုပ်ရှင် အတူကြည့်ရဖို့ ကို စိတ်လှုပ် ရှားခဲ့ ပါတယ်။ သူတို့ လေးတွေ လည်း စိတ်လှုပ် ရှားနေ ကြပါတယ်။” လို့ J.Lo က ဆိုပါတယ်။ 
J.Lo ရဲ့ ရည်းစားဟောင်း တစ်ယောက်ဖြစ်တဲ့ Casper Smart ဟာ လည်း ထိုပွဲမှာ ရှိနေခဲ့ ပါတယ်။ Casper Smart ဟာ ထို ရုပ်ရှင်မှာ အက ပိုင်းဆိုင်ရာ Animation တွေ အတွက် တာဝန်ယူ ထားရပါတယ်။ ထိုပွဲ အပြီးမှာလည်း ကင်မရာ သမားတွေကြားမှာ ရှက်နေတဲ့ J.Lo ရဲ့ သား ဖြစ်သူ Max ကို Casper Smart က ချီပြီး ကားပေါ် အထိ လိုက်ပို့ ခဲ့တယ်လို့ လည်းသိရပါတယ်။ 

Crtedit : http://www.starpulse.com/news