Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Johnny Depp ရဲ့ ကျန်းမာရေးကြောင့် “Pirates Of The Caribbean” ဇာတ်လမ်းသစ် ရိုက်ကူးရေး ဆိုင်းငံ့ထားရ

Johnny Depp ရဲ့ ကျန်းမာရေးကြောင့် “Pirates Of The Caribbean” ဇာတ်လမ်းသစ် ရိုက်ကူးရေး ဆိုင်းငံ့ထားရ

| No comment

အသစ် ထွက်ရှိလာမယ့် “Pirates Of The Caribbean” ဇာတ်လမ်းတွဲရဲ့  ၅ ခုမြောက် ဇာတ်လမ်းဖြစ်တဲ့ “Dead Men Tell No Tales” ဇာတ်လမ်းဟာ အဓိက သရုပ်ဆောင်ဖြစ်တဲ့ Johnny Depp  ရဲ့  လက်မှာ ထိခိုက်ခဲ့ တဲ့ ဒဏ်ရာကြောင့် ရိုက်ကူးရေးကို ရပ်နားထားရပါတယ်။
Johnny Depp ဟာ ဒီလ အစောပိုင်းက သြစတြေးလျမှာ ထိုဇာတ်လမ်း အတွက် ရိုက်ကူးရေးပြုလုပ်နေ စဉ်အတွင်း သူငယ်ချင်း တစ်ယောက်ရဲ့ အပျော်တမ်း ပြိုင်ကားတစ်စီးကို မောင်းနှင်ရာမှ လက်ကောက် ၀တ် မှာ ဒဏ်ရာ ရရှိခဲ့ တာဖြစ်ပါတယ်။ Johnny Deep အနေနဲ့ ရိုက်ကူးရေးပြန် မစခင်မှာ အချိန်ပေးပြီး အနား ယူ မှာဖြစ်တဲ့ အတွက် ရိုက်ကူးရေး အစီအစဉ်တွေကို ဆိုင်းငံ့ ထားရတာဖြစ်တယ်လို့ Daily Mail သတင်း ဌာန က ဖော်ပြထားပါတယ်။ 
ရိုက်ကူးရေး အဖွဲ့ဝင် ၄၀၀ ကျော်ဟာလည်း စောင့်ဆိုင်းနေခဲ့တာ ၂ ပတ်ခန့်ရှိပြီလို့ သိရပါတယ်။ ထို ဇာတ်လမ်း မှာတော့ Orlando Bloom , Ian McShane , Geoffrey Rush , Kaya Scodelario , Cara Delevingne နဲ့ Brenton Thwaites တို့လည်း ပါဝင် သရုပ်ဆောင် မယ်လို့ သိရပါတယ်။ ထို ဇာတ်လမ်းကို ၂၀၁၇ ခုနှစ်မှာ စတင် ရုံတင်ပြသနိုင်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။ 


Credit : http://www.starpulse.com/news