Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Justin Bieber နဲ့ Madonna တို့ “Ellen” မှာ လူဆိုးတွေ လုပ်သွားပါသတဲ့

Justin Bieber နဲ့ Madonna တို့ “Ellen” မှာ လူဆိုးတွေ လုပ်သွားပါသတဲ့

| No comment

Justin Bieber နဲ့ Madonna တို့ ဟာ ဗုဒ္ဓဟူးနေ့ Ellen DeGeneres ရဲ့ Talk Show မှာ ခပ်ဆိုးဆိုး ကိစ္စလေးတွေ လုပ်သွားကြပါသတဲ့။ “ တစ်ခါမှ မလုပ်ဖူးပါဘူး “ဆိုတဲ့ အမှတ်တရ ဂိမ်း အစီအစဉ်မှာ DeGeneres က သူတို့ နှစ်ယောက် ကို ပွတ်သီး ပွတ် သပ် လုပ် ခံရ ဖို့ စောင့်နေ  တတ် ပါ သလား မေးခွန်း ကို ရှက် မနေဘဲ ဖြေကြဖို့ မေးမြန်းခဲ့တာပါ။
 ဂီတရဲ့ အထင် ကရ Madonna က Bieber နဲ့ DeGeneres ကို ဒီကိစ္စမှာ ပွင့်ပွင့် လင်းလင်း ပြောလို့ ရလား လို့ မေးခဲ့ပါတယ်။ သူတို့ နှစ်ဦးလုံးဟာ ဂိမ်း အစီ အစဉ်မှာ ပါတီပွဲတွေမှာ ရေချိုးခန်းတွေမှာ ၀င်ရောက်သောင်း ကျန်းလေ့ ရှိပြီး ဘယ်သူနဲ့ ဘာတွေဖြစ်ခဲ့တယ် ဆိုတာတွေကို မှတ်မိလေ့မရှိကြောင်း ၀န်ခံ သွားကြပါသတဲ့။
 ငယ်ရွယ်တဲ့ယောကျာ်းတွေ နဲ့ပတ်သက်ပြီး Madge ရဲ့ အကြိုက် ကို မေးမြန်း ချိန် မှာတော့ DeGeneres က“ မနေ့ကပဲ Madonna ဟာ သူနဲ့ date လုပ်ဖူးတဲ့ အငယ် ဆုံး အမျိုးသားဟာ ၂၂ နှစ်ပါ၊ Biber က ခုမှ ၂၁ နှစ်ပြည့်တာဆိုတော့” လို့ ပြောတဲ့အခါ…၅၆ နှစ်အရွယ် Madonna က Biber ကိုလှည့် ပြီး “ ကျွန်မ နောက်ထပ် တစ် နှစ်လောက်တော့ ဒီမှာထိုင်ပြီး စောင့်နိုင် ပါတယ်” လို့ စနောက် သွားခဲ့ပါတယ်။ Biber က Madonna ကို “ ဒါဆို ဒိတ်လို့ ဖို့အတွက် ၂၂ နှစ်က အငယ်ဆုံး အသက်အဖြစ် သတ်မှတ် ထား တာလား “ လို့ မေးတဲ့အခါမှာတော့ “ ကျွန်မမှာတော့ သတ်မှတ်ချက်မရှိပါဘူး” လို့ ပြန် လည်ဖြေကြား သွား ပါသတဲ့။


Credit : http://www.starpulse.com/news