Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Justin Timberlake ဟာ သူရဲ့ကိုယ်ဝန်လွယ်ထားပေးနေတဲ့ ဇနီးသည် Jessica Biel ရဲ့ ရိုက်ကွင်းကို သွားရောက်လည်ပတ်ခဲ့ပါသတဲ့!

Justin Timberlake ဟာ သူရဲ့ကိုယ်ဝန်လွယ်ထားပေးနေတဲ့ ဇနီးသည် Jessica Biel ရဲ့ ရိုက်ကွင်းကို သွားရောက်လည်ပတ်ခဲ့ပါသတဲ့!

| No comment

Justin Timberlake ဟာ ပြီးခဲ့တဲ့တစ်ပတ်က New Orleans, La ရိုက်ကွင်းမှာ ရောက်ရှိနေတဲ့ ဇနီးသည် Jessica Biel ကို အံ့သြပျော်ရွှင်သွားစေဖို့ သွားရောက်တွေ့ဆုံခဲ့ပါသတဲ့။ ၃၂ နှစ်အရွယ် မင်းသမီးဟာ “ The Devil and the Deep Blue Sea “ ရုပ်ရှင်အတွက် Jason Sudeikis ၊ Maisie Williams တို့နဲ့အတူ တွဲဖက်ရိုက်ကူးနေတာဖြစ်ပါတယ်။
 E! News ရဲ့ ဖော်ပြချက်အရ ကြာသာပတေးနေ့က သူတို့နှစ်ဦးဟာ ပြုံးပျော်နေကြပြီး Biel ဟာ Baggy ကုတ်အင်္ကျီအပွနဲ့ ဂျင်းပြာဘောင်းဘီကို ၀တ်ဆင်ထားပါတယ်။ ရုပ်ရှင်အတွက် သူရဲ့နှဖူးပေါ်က ဆံပင်ပုံစံကိုလည်း ညှပ်ထား ပါသေးတယ်။ ဟောလိဝုဒ် စတားနှစ်ဦး ဟာ၂၀၁၂ ဇန်န၀ါရီလမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ဧပြီလမှာ မွေးဖွားမှာဖြစ်ပါတယ်။
 သူ့ရဲ့ မလှမ ပဖြစ်နေ တဲ့ ပုံ ကို မမြင်တွေ့စေချင် တာကြောင့် Biel ဟာ ခင်ပွန်းဖြစ်သူကို မွေးခန်းထဲကို ၀င်ခွင့် မပြု ဘူးလို့ ကော လဟာလတွေ လည်း ထွက်နေပါတယ်။ နာမည်ကျော် အဆိုတော်ဟာ သူရဲ့ဇနီးသည် ကိုယ်ဝန် အရင့် အမာ ကြီးနဲ့ အလုပ်လုပ်နေတာကို စိတ်မချမ်းမသာဖြစ်နေတယ်ဆိုတဲ့ ကောလာဟာလတွေလည်း ထွက်ပေါ်နေပါသတဲ့။ 


Credit : http://www.starpulse.com/news