Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Karrueche Tran က “ တစ်ယောက်နဲ့ဆို အတော်လုံလောက်ပါပြီ” ဟု တုံ့ပြန်ပြောကြားခဲ့

Karrueche Tran က “ တစ်ယောက်နဲ့ဆို အတော်လုံလောက်ပါပြီ” ဟု တုံ့ပြန်ပြောကြားခဲ့

| No comment

Karrueche Tran နဲ့ Chris Brown တို့ရဲ့ လေးနှစ်ကျော် တွဲလိုက်ကွဲလိုက် ဆက်ဆံရေးဟာ Chris ဟာ ကိုးလသားသမီးလေးရဲ့ အဖေဖြစ်ကြောင်း သတင်းတွေ ထွက်ပြီးတဲ့အခါ လူတွေရဲ့အာရုံစိုက်မှုကို ခံရပြန် ပါပြီ! ပြီးတော့ Tran ကလည်း နှစ်ဦးသားဆက်ဆံရေးကို အဆုံးသတ်ချင်နေပုံပါပဲ။ ဗီယက်နမ်နွယ်ဖွား မော်ဒယ်လ်က အင်္ဂါနေ့က ကလေးလေးအကြောင်း သတင်းတွေထွက်ပြီးတဲ့နောက် Tweeter မှာ “ ဒါဟာ တစ်ယောက်အတွက် လုံလောက်ပါပြီ။ Chris နဲ့သူ့မိသားစုအတွက် အကောင်းဆုံး ဆုတောင်းပေးပါတယ်” လို့ ရေးသားထားခဲ့ပါသတဲ့။ ကလေးရဲ့မိခင်ကတော့ ယခင်မော် ဒယ်လ်ဟောင်း တစ်ဦးဖြစ်တဲ့ ၃၁ နှစ်အရွယ် Nia ဖြစ်ပြီး Chris နဲ့နှစ်ပေါင်းများစွာ ကတည်းက ခင်မင်လာခဲ့တာ ဖြစ်တယ်လို့ TMZ.com သတင်းအရ သိရပါတယ်။
 ရင်းနှီးသူတွေရဲ့ ပြောပြချက်အရ သူတို့နှစ်ဦးဟာ အတွဲတွေမဟုတ်ကြပါဘူး။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး အရမ်းရင်းနှီးကြသူတွေပါတယ်။ Brown ကတော့ အဖေဖြစ်ရတဲ့အတွက် အရမ်းကိုပျော်ရွှင်နေပါသတဲ့။ ဒါပေမယ့် Brown နဲ့ Tran တို့တကယ်ပဲ ပြီးသွားကြပြီလား?? ဒီဇင်ဘာလက Tran ဟာ Brwon နဲ့ဘယ် တာ့ မှပြန်အတွဲတော့ပါဘူးဆိုပြီး Twitter သုံးစွဲသူတစ်ဦးရဲ့ “ ဒါနောက်ဆုံး အကြိမ်ဖြစ်ရင် ကောင်းမယ်” လို့ ရေးသားထားမှုအပေါ် ကတိပေးထားခဲ့ပါတယ်။ 
အဲ့အချိန်မှာပဲ Brown ဟာ သူရဲ့ရှိုးပွဲမှာ သူ့ကို ဆဲဆိုတဲ့စကား ပြောဆိုခဲ့ပြီး Instragram မှာလည်း Brown ဆူပူသောင်းကျန်းမှုနဲ့ ထောင်၃လကျခံနေစဉ် ရက်ပါ Drake နဲ့ တွဲခုတ်ခဲ့တဲ့အကြောင်း စွပ်စွဲရေး သား ထားခဲ့ ပါသတဲ့။ Tran ဟာ Brown ရဲ့ကွန့်မက်ပေါ်မှာ “ ကိုယ့်ကို ချစ်တဲ့လို့ပြောပြီး ဒီလို ခဏခဏ ပြော ဆိုဆက် ဆံနေတဲ့သူကို ငြင်းဆိုရမှာပါပဲ။ ဒါကို အချစ်လို့ပြောရင်လည်း ဒီိလိုအချစ်မျိုး ကျွန်မ မလိုချင်ပါဘူး” လို့ တုံ့ ပြန်ရေး သားခဲ့ပါတယ်။
 Brown ဟာနောက်ပိုင်းမှာတော့ Instragram ကနေ သူ့ရဲ့အမှားတွေကို လူသိ ရှင်ကြားတောင်း ပန်ခဲ့ ပါ တယ်။ “ ကျွန်တော် ဒီမိန်းကလေးကို ချစ်တာ လူတိုင်းသိပါတယ်။ သူ့ကို ကျွန်တော် အနူး အညွတ်တောင်း ပန်တဲ့အကြောင်း သိစေချင်ပါတယ်” လို့ ပြန်လည်ရေးသားခဲ့ပါသတဲ့။ ဒီစုံတွဲကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ New York Fashion Week မှာ အတူတူတွဲပြီး တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။


Credit : http://www.starpulse.com/news