Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဇနီးဖြစ်သူ Kim Kardashian ရဲ့ အဖော်အချွတ် ဓါတ်ပုံကို Twiiter အကောင့်မှာ တင်ခဲ့တဲ့ Kanye West

ဇနီးဖြစ်သူ Kim Kardashian ရဲ့ အဖော်အချွတ် ဓါတ်ပုံကို Twiiter အကောင့်မှာ တင်ခဲ့တဲ့ Kanye West

| No comment

Rop အဆိုတော် Kanye West ဟာ သူရဲ့ ဇနီးဖြစ်သူ Kim Kardashian ရဲ့ အဖော် အချွတ် ဓါတ်ပုံကို သူ့ရဲ့ Twiiter အကောင့်မှာ တင်ကာ ဇနီးဖြစ်သူ ကို ဂုဏ်ပြု ခဲ့ပါတယ်။ Kanye West ဟာ Kim Kardashian ရဲ့ “Keeping Up With the Kardashians” ဆိုတဲ့ သရုပ်မှန် ရှိုး အစီအစဉ် (၁၀) ခုမြောက်နေ့ က ဓါတ်ပုံကို Screenshot ရိုက်ယူပြီး ဇနီးသည် အတွက် ဂုဏ်ယူကြောင်းရေးသား ကာ Twitter မှာ တင်ထားခဲ့ပါတယ်။ အဲဒီ ဓါတ်ပုံ တင်ပြီး မကြာမီ မှာပဲ Kim Kardashian ရဲ့  ဒုတိယမြောက် ရင်သွေး ရယူဖို့ မကြိုးစားခင်က ရိုက် ကူး ထား သည့် အဖော် အချွတ် ဓါတ်ပုံ တစ်ပုံ ကို Twitter မှာတင်ကာ “Follower အယောက် သန်း ၃၀ ရတဲ့ အတွက် မင်း အတွက် ဂုဏ်ယူတယ်” လို့လည်းရေး သားခဲ့ပါတယ်။ 
ဒါကို Kim Kardashian ကလည်း သူမရဲ့  ခင်ပွန်းဖြစ်သူ Kanye West ရဲ့ လုပ်ရပ်ကို သဘောကျကြောင်းနဲ့ သူ့ကို အရမ်း ချစ်တဲ့ အကြောင်းတွေ ကို ပြန်လည် Tweet  ရေးသား ခဲ့ပါသေးတယ်။ Kanye West ဟာ လောလောဆယ် မှာတော့ ဂုဏ်ပြု ထိုက်တဲ့ လူတစ်ယောက်ဖြစ်လို့ နေပါတယ်။ အကြောင်း အရင်း ကတော့ Kanye  ဟာ ဇွန်လ ၂၇ ရက်နေ့မှာ ပြုလုပ်မယ့် ဗြိတိန်နိုင်ငံရဲ့ Glastonbury Festival ဆိုတဲ့ ကမ္ဘာ့ အကြီးဆုံး ဖျော်ဖြေပွဲ တစ်ခုမှာ ဖျော်ဖြေခွင့် ရထားတယ်လို့ သိရပါတယ်။ 


Credit : http://www.starpulse.com/news