Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Leonardo DiCaprio ဟာ Netflix နဲ့အတူ လက်တွဲဖို့ စာချုပ်လက်မှတ် ရေးထိုးခဲ့ပါတယ်!

Leonardo DiCaprio ဟာ Netflix နဲ့အတူ လက်တွဲဖို့ စာချုပ်လက်မှတ် ရေးထိုးခဲ့ပါတယ်!

| No comment

Leonardo DiCaprio ဟာ ပတ်ဝန်းကျင်ဆိုင်ရာ မှတ်တမ်းတင် ရုပ်ရှင်များရိုက်ကူး ထုတ်လုပ်ဖို့အတွက် Netflix နဲ့ သဘောတူ စာချုပ်ချုပ်ဆို လိုက်ပါတယ်။ မင်းသားနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ နှစ်ရှည် လက်တွဲလုပ်ကိုင်ဖို့ သူ့ရဲ့  ရုပ်ရှင်ထုတ်လုပ်မှု ကုမ္ပဏီ Appian Way နဲ့ သဘောတူ စာချုပ် ချုပ် ဆိုခဲ့ပါသတဲ့။
 DiCaprio က “ ကျွန်တော်တို့ ကမ္ဘာမြေကြီးအတွက် ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ ပြဿ      နာ တွေ ကို ဖြေရှင်းဖို့ထက် အရေးကြီးတာမရှိပါဘူး။ Netflix နဲ့လက်တွဲ လုပ်ဆောင်ခြင်းဖြင့် မှတ်တမ်း ရုပ်ရှင် ရိုက်ကူးသူတွေရဲ့ အရေးတစ် ကြီး လုပ်ဆောင်ပေးနေရတဲ့ သူတို့ရဲ့  ရုပ်ရှင်ဇာတ်ကားတွေကို ကမ္ဘာအနှံ့ မှာ ရှိတဲ့ ပရိသတ်တွေ ချက်ချင်း ကြည့်ရှုနိုင်အောင် ကူညီနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ် “ လို့ ပြောကြားသွားပါတယ်။ 
အွန်လိုင်း ထုတ်လွှင့်မှု ၀န်ဆောင်မှုတွေနဲ့ တွဲဖက် အလုပ်လုပ်တာဟာ မင်းသား အတွက်တော့ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံရှိ Virunga အမျိုးသား ဥယျာဉ်မှာ ရိုက်ကူး ခဲ့ တဲ့ အော်စကာ ဆုစာရင်းဝင် “ Virunga “မှတ်တမ်း ရုပ်ရှင် ဇာတ်ကား အတွက်လည်း ပါတနာ တွဲဖက် လုပ်ကိုင်ခဲ့ဖူးပါတယ်။ အောက်တိုဘာလတုန်းက Adam Sandler ဟာလည်း Netflix နဲ့အတူ တွဲဖက် ရိုက်ကူးမယ့် ရုပ်ရှင်လေးကားအတွက် လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ရုပ်ရှင်တွေကို Netflix နဲ့လက်တွဲ လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၀ နီးပါးမှာပဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 


Credit : http://www.starpulse.com/news