Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Lily James ဟာ သူရဲ့ စင်ဒရဲလားလို သေးသွယ်လှတဲ့ ခါးအလှအတွက် အငြင်းပွားရပါသတဲ့!

Lily James ဟာ သူရဲ့ စင်ဒရဲလားလို သေးသွယ်လှတဲ့ ခါးအလှအတွက် အငြင်းပွားရပါသတဲ့!

| No comment

သူရဲ့  ရုပ်ရှင်အသစ် “Cinderella” မှ သူ့ရဲ့သေးသွယ်တဲ့ ခါးအတွက် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် မင်းသမီး Lily James ဟာ တန်ပြန်ပြောဆိုခဲ့ရပါတယ်။ အထူးသဖြင့် အကခန်းမကြီးထဲမှာ ၀တ်ဆင်ခဲ့တဲ့ အပြာရောင်ပွဲတက်ဝတ်စုံ ၀တ်ဆင်ထားစဉ်က သူရဲ့သေးသွယ်လွန်းလှတဲ့ ခါးဟာ ပြုပြင် တည်းဖြတ်ထား တာ ဖြစ်တဲ့လို့ အများကပြောဆိုနေကြတာ ဖြစ်ပါတယ်။ 
 “ Downton Abbey “ရဲ့ ငွေကြယ်ပွင့် ဟာဒီပုံစံနဲ့ပတ်သက်ပြီး Los Angeles Times ကို “ ကျွန်မမှာ သဘာဝအတိုင်း နဂိုသေးသွယ်တာပါ။ စကတ်က အရမ်းကြီးပြီး ကော့ဆက်တွေ ကျွန်မခါးကို ပိုပြီးသေး သွားစေတာပါ။ ဒီပုံစံဖြစ်အောင်ပဲ ဒီဇိုင်နာက ဖန်တီးချုပ်လုပ်ပေးထားတာပါ” လို့ ပြောသွားပါတယ်။ James ရဲ့ တွဲဖက်သရုပ်ဆောင်ဖြစ်သူ Cate Blanchett က “ Entertainment Tonight “ ကို “မင်းသမီးဟာ မင်းသား နဲ့ တွဲဖက်ကတဲ့ အခန်း ရိုက်ကူးဖို့ အပြာရောင်ဂါဝန် ၀တ်ဆင်ထားချိန်မှာ အသက်ကို မနည်းရှုနေ ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 
တကယ်တော့ မတ်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသမယ့် ဒစ်စနေးရုပ်ရှင်ရဲ့ အစမ်းပြသမှုမှာ မင်းသမီး ကိုကြည့် ရတာ ထူးထူးခြားခြား သေးသွယ်တဲ့ခါးလေးနဲ့ ဖြစ်နေခဲ့ပါတယ်။ LA Times ကို သူပြောခဲ့တာကတော့ သူတို့တွေ ဟာ အတင်းငြင်းဆန်နေကြတာဖြစ်ပြီး လူတွေရဲ့ အာရုံစိုက်ခံရမှုကို ပိုမို လိုချင်နေ ကြတာဖြစ်ပါ တယ်။ အားလုံးဟာ အပျက်သဘောအရမ်းဆန်နေပါတယ်။ ခေါင်းထဲကနေ ဒီလို အပျက် သဘောမြင် တတ် မှုတွေကို ဆေးကြောပစ်ဖို့လိုနေပါပြီ။ ကျွန်မဟာ ကျန်းမာသန်စွမ်းတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ရှိ သင့် ရှိထိုက်တဲ့ ကောက်ကြောင်းအလှတွေနဲ့အတူ သေးသွယ်တဲ့ခါးရှိတာ မဆန်းပါဘူး” လို့ ပြောသွားခဲ့ပါတယ်။


Credit : http://www.starpulse.com/news