Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Lindsay Lohan ဟာ သူရဲ့ ပြု ပြင်ထားတဲ့ Selfie ဓါတ်ပုံကို ဖော်ပြခဲ့ပါသတဲ့

Lindsay Lohan ဟာ သူရဲ့ ပြု ပြင်ထားတဲ့ Selfie ဓါတ်ပုံကို ဖော်ပြခဲ့ပါသတဲ့

| No comment

ဗုဒ္ဓဟူးနေ့ ညက Photoshop နဲ့  ပြုပြင်ထားတဲ့ သူ့ရဲ့  ပုံ ကို Instragram စာမျက်နှာမှာ တင်ခဲ့တာကြောင့် Lindsay Lohan ရဲ့ ပရိသတ်တွေ ဆူဆူ ညံညံဖြစ် သွားကြပါတယ်။ ပုံထဲမှာ သူရဲ့ တင်ပါးကို ပိုကြီးအောင် လုပ်ထားပြီး ပေါင်တံ ကိုသေးသွယ်အောင်ပြုပြင် ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်း တာက သူ ရပ်နေ တဲ့ နောက်ခံ တံခါးမှာ ကွေးကွေးကောက်ကောက် ပုံတွေ ပေါ်နေတာဖြစ်ပါတယ်။
သူ့ရဲ့  ပုံ မှာ “ ကျွန်မခြေထောက်တွေ အနီရောင်ဖြစ်နေ တာ ရယ်စရာပါပဲ။ တစ်ကယ်တော့ ကျွန်မ ဆံပင်တွေ ကသာ အနီရောင်ပါ” လို့ ခေါင်းစဉ်တပ်ထားပါသတဲ့။ ပရိသတ်တွေက ပုံရဲ့ ကျန်တဲ့ အပိုင်းတွေ အားလုံး အဖြူ  အမဲဖြစ်နေချိန်မှာ သူရဲ့ ခြေထောက်နဲ့ ကော်ဇောနောက်ခံပေါ်မှာ အနီရောင်လေးတွေ ကျန်နေ တာကို သတိပြု မိကြပုံ မပေါ်ပါဘူး။ 
၂၈ နှစ် အရွယ် မင်းသမီးဟာ နောက်ခံ အတူတူဖြစ်တဲ့ နေရာ မှာပဲ အလွန်သေး သွယ်တဲ့ ခါးကို ဖော်ပြပြီး ရိုက်ကူး ထားတဲ့ ပုံကို ဇန်န၀ါရီလ တုန်း ကလည်း တင်ထား ခဲ့ပါသေးတယ်။ သူရဲ့ ဓါတ်ပုံဟာ တကယ်တော့ Apple နဲ့ Android ဖုန်းတွေနဲ့ အသုံးပြုပြီး ရိုက်ကူးထားတဲ့ Selfie ပုံတွေအားလုံးကို ကြိုက်သလိုပြုပြင်နိုင်တဲ့ Line Camera App နဲ့ ပြုပြင်ပြောင်းလဲ ထားခဲ့တာဖြစ်ပါတယ်။



Credit : http://www.starpulse.com/news