Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Madonna ရဲ့ ရည်းစားဟောင်း Carlos Leon လက်ရှိ ဇနီးသည်နဲ့ ပထမဆုံး ရင်သွေး လေးကိုမွေးဖွား

Madonna ရဲ့ ရည်းစားဟောင်း Carlos Leon လက်ရှိ ဇနီးသည်နဲ့ ပထမဆုံး ရင်သွေး လေးကိုမွေးဖွား

| No comment

Madonna ရဲ့ လူသိထင်ရှား ရည်းစားဟောင်း တစ်ယောက်ဖြစ်တဲ့ ကျူးဘားနိုင်ငံသား ရုပ်ရှင် သရုပ်ဆောင် Carlos Leon ဟာ သူ့ရဲ့လက်ရှိ ဇနီး ဖြစ်တဲ့ ဖက်ရှင် ဒီဇိုင်နာ ကောင်မလေး Betina Holte နဲ့အတူ သူတို့ လင်မယားရဲ့ ပထမဆုံး ရင်သွေးလေး ကိုမွေးဖွား ခဲ့ပါတယ်။ တစ်ချိန်က အားကစား ခန်းမမှာ နည်းပြဆရာ လုပ်ခဲ့တဲ့ Carlos Leon ဟာ Madonna နဲ့အတူ အသက် ၁၈ နှစ်ရှိနေပြီဖြစ်တဲ့ သမီးလေး Lourdes Maria Ciccone Leon ကိုမွေးဖွား ခဲ့ပြီး Ciccone Leon ဟာ လက်ရှိ မီချီဂန် တက္ကသိုလ်မှာ တက်ရောက်နေ တယ် လို့သိရပါတယ်။
 Madonna နဲ့ Carlos Leon တို့ဟာ ၁၉၉၇ ခုနှစ် မှာကတည်းက လမ်းခွဲ ခဲ့ကြတာဖြစ်ပါတယ်။ Carlos Leon နဲ့လက်ရှိ ဇနီးသည် Betina Holte တို့ဟာ ၂၀၁၃ ခုနှစ် မှာလက်ထပ်ခဲ့ကြပြီး Carlos Leon ဟာ “Law & Order” ၊ “Oz” ၊ “Ugly Betty” ၊ “Person of Interest” အစရှိတဲ့ တယ်လီဗေးရှင်း ရှိုးတွေနဲ့ “She Hate Me” ၊ “The Echo” ၊ “Tricks of Love” နဲ့ “Tio Papi” ဆိုတဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင် သရုပ်ဆောင် ပြီး လူသိများ လာခဲ့တယ်လို့ သိရပါတယ်။


Credit : http://www.starpulse.com/news