Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / နှစ်ပေါင်း ၂၀ အတွင်း Madonna ရဲ့ “ Rebel Heart “ ဟာ ရောင်းအားအနည်းဆုံး တေးအယ်လ်ဘမ် ဖြစ်ခဲ့ပါသတဲ့!

နှစ်ပေါင်း ၂၀ အတွင်း Madonna ရဲ့ “ Rebel Heart “ ဟာ ရောင်းအားအနည်းဆုံး တေးအယ်လ်ဘမ် ဖြစ်ခဲ့ပါသတဲ့!

| No comment

Madonna အတွက်တော့ သတင်းဆိုးပါပဲ။ သူ့ရဲ့ နောက်ဆုံးထွက် တေး အယ်လ်ဘမ် “ Rebel Heart “ ဟာ ငွေကြယ်ပွင့် အတွက် အနှစ် ၂၀ အတွင်း အဆိုးဆုံး ရောင်းချရမှု မှတ်တမ်း ၀င်ခဲ့လို့ပါပဲ။ နာမည်ကျော် အဆိုတော်ဟာ သူ့ရဲ့ ၁၃ကြိမ်မြောက် တေး အယ်လ်ဘမ်ကို ဒီလ အစပိုင်းမှာ ဖြန့်ချီ ခဲ့တာဖြစ်ပြီး အယ်လ်ဘမ် အရေအတွက် ၁၂၁,၀၀၀ရောင်းချ ရကာ Billboard စာရင်းရဲ့  နံပါတ် ၂ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။
“ Rabel Hear” ဟာ ဖြန့်ချိပြီး ဒုတိယပတ်မှာ နံပါတ် ၂၁ နေရာကို ကျ ဆင်းခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်“Ray Of Light “ အယ်လ်ဘမ်နောက်ပိုင်း Madonna ရဲ့ တေး အယ်လ်ဘမ်တွေ ထဲမှာ ပထမ ဆုံး အဖြစ်အပျက် ပဲဖြစ်ပါတယ်။ Rabel Heart ဟာ ၁၉၉၄ ခုနှစ် နံပါတ် ၃နေရာချိတ်ခဲ့ပြီး ပထမပတ် အတွင်း မှာပဲ ခွေပေါင်း ၁၄၅,၀၀၀ ရောင်းချ ခဲ့ရသော “ Bedtime Stories” နောက်ပိုင်းမှာ သူရဲ့ အဆိုး ဆုံး ဖျော်ဖြေ တင်ဆက်မှု အခွေဖြစ်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက် တစ်ခုတော့ ရှိပါသေးတယ်။ “ Ray Of Light “ တုန်းကတော့ Grammy ထူးချွန်ဆု အတွက် ဆန်ခါတင် စာရင်ဝင်ပြီး Platinum အဆင့် အဖြစ်တောင် သတ် မှတ် ခံခဲ့ရပါတယ်။ “Rebel Heart “မှာရော အတူတူဖြစ်နိုင်ပါ့မလား။


Credit : http://www.starpulse.com/news