Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Mariah Carey ဟာ ဒါရိုက်တာ Brett Ratner နဲ့ တွဲနေကြပြီလား??

Mariah Carey ဟာ ဒါရိုက်တာ Brett Ratner နဲ့ တွဲနေကြပြီလား??

| No comment

Mariah Carey တစ်ယောက် Brett Ratner ဆိုတဲ့ ရုပ်ရှင် ဒါရိုက်တာ လက်တွဲဖော် အသစ် တစ်ယောက် ရနေပြီလို့ ထင်ရပါတယ်။ သူတို့အတွဲကို စနေနေနေ့က St. Barts က ဇိမ်ခံ ရွက်လှေ တစ်စင်းပေါ်မှာ ရင်း ရင်းနှီးနှီး ရှိနေကြတာကို တွေ့လိုက်ရပါသတဲ့။ မျက်မြင် သက်သေတွေကတော့ သူတို့အတွဲဟာ တစ်ကယ်ကို ချစ်ခင် ရင်းနှီးနေ ကြဖြစ်တယ်လို့ TMZ.com သတင်းအရ သိရှိရပါတယ်။ Ratner ကတော့ သူနဲ့ နာ မည်ကျော် အဆိုတော်တို့ဟာ သူငယ်ချင်းတွေသာ ဖြစ်ပြီး ကောလ ဟာလတွေဟာ အခြေအမြစ်မရှိဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး သိရှိရင်းနှီးခဲ့တာ ကြာပြီဖြစ်ပါတယ်။ 
သူဟာ နာမည်ကျော် အဆိုတော်ရဲ့ တေးဂီတ ဗီဒီယိုတွေဖြစ်တဲ့ “ Obsessed “ နဲ့ “ Toch My Body” တို့အပါအ၀င် အများအပြား ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ မွေးနေ့ ပွဲတွေကို အတူတစ်ကွ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သောကြာနေ့ကပဲ Carey ဟာ ၄၅ နှစ်ပြည့် ခဲ့တာဖြစ်ပြီး စနေနေ့ကတော့ Ratner ဟာ ၄၆ နှစ်ပြည့် ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီပိတ်ရက်မှာ အတူတူ ကျင်းပကြမယ်လို့ ယူဆရပါတယ်။ Carey ဟာ နယူးယောက်ခ်မြို့ကနေ Las Vegas, Nevada ရှိ Caesars Palace ကို ပြောင်းရွှေ့နေထိုင်မှာ ဖြစ်ပါတယ်။


Credit : http://www.starpulse.com/news