Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / One Direction အဖွဲ့ကနေ ထွက်လိုက်တဲ့ Zayn Malik

One Direction အဖွဲ့ကနေ ထွက်လိုက်တဲ့ Zayn Malik

| No comment

ဆယ်ကျော်သက် လူငယ်များရဲ့ အသည်းစွဲ Boy Band တစ်ခုဖြစ်တဲ့ One Direction အဖွဲ့  မှ အဖွဲ့ ၀င် တစ်ယောက်ဖြစ် တဲ့ Zayn Malik ဟာ အဖွဲ့ ကနေနှုတ်ထွက် လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ Zayn ဟာ သူ့ ရဲ့ ဇနီးလောင်း Perrie Edwards အပေါ်မှာ သစ္စာ ဖောက်ခဲ့ တယ် ဆိုတဲ့ ကောလာ ဟလ တွေ ထွက်ရှိ လာပြီးတဲ့နောက်မှာပဲ အခုလို နှုတ်ထွက်တဲ့ ကိစ္စတွေပေါ်ပေါက် လာခဲ့တာဖြစ်ပါတယ်။ 
အသက် ၂၂ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ Zayn Malik ဟာ ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေမှာ ကောင်မလေး တစ်ယောက်ရဲ့ လက်ကို တွဲထားတဲ့ ဓါတ်ပုံတွေနဲ့ ခေါင်းစီး သတင်းတွေမှာ ဖော်ပြခံခဲ့ရပါတယ်။ One Direction အဖွဲ့ရဲ့ လက်ရှိဖျော်ဖြေနေတဲ့ ဖျော်ဖြေပွဲတွေမှာလည်း Zayn Malik ဟာ ပါဝင်တော့မှာ ဟုတ်ဘူး လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံရဲ့ Sun သတင်းစာ ကတော့ Zayn Malik အခုလို အဖွဲ့ကထွက်သွားတာ စိတ်ဖိစီး မှုတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
 “One Direction နဲ့ လက်တွဲခဲ့တဲ့ အချိန်တွေဟာ ကျွန်တော် ထင်ထားတာထက် ပိုပြီးကောင်းမွန်ခဲ့ပါတယ်။ ၅ နှစ်အကြာမှာ ကျွန်တော့်အတွက် အဖွဲ့ကို စွန့်ခွာ ဖို့ အကောင်းဆုံး အချိန်ဖြစ်လာခဲ့ပါတယ်” လို့ ZaynMalikကဆိုပါတယ်။ One Direction အဖွဲ့ ရဲ့ ကမ္ဘာတစ်ဝှမ်း လုံးက ပရိတ်သတ်တွေ ကတော့ Zayn Malik ရဲ့  နှုတ်ထွက်မှုနဲ့ ပတ်သက်ပြီး သူ့  ရဲ့ ဇနီးလောင်း Perrie Edwards ကိုသာ အပြစ်တင်နေကြပါတယ်။


Credit : http://www.starpulse.com/news