Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Paul Walker သေဆုံးမှုအတွက် တော်တော်လေး ခံစား ခဲ့ရတယ်ဆိုတဲ့ Michelle Rodriguez

Paul Walker သေဆုံးမှုအတွက် တော်တော်လေး ခံစား ခဲ့ရတယ်ဆိုတဲ့ Michelle Rodriguez

| No comment

Paul Walker နောက်ဆုံး သရုပ်ဆောင် ခဲ့တဲ့ Furious “Fast and Furious” ဇာတ်လမ်းရဲ့  အဓိက သရုပ်ဆောင်ဖြစ်တဲ့ Paul Walker တစ်ယောက် ၂၀၁၃ ခုနှစ် နှစ်ကုန် ပိုင်းမှာ ယာဉ်မတော် တစ်ဆ မှုကြောင့် သေဆုံး သွားခဲ့မှု အပေါ် “Fast and Furious” ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင် ခဲ့တဲ့ မင်းသမီး Michelle Rodriguez က တော်တော်လေး ခံစားခဲ့ ရတယ်လို့ ဖွင့်ဟပြောဆို ခဲ့ပါတယ်။ “ကျွန်မ တစ်ကယ်ကို ရူးကြောင်ကြောင်ဖြစ်ခဲ့ရတယ်။
ကျွန်မရဲ့ စိတ်ရင်း အမှန်မှာ လုပ်လေ့မရှိ တာတွေကို လည်း မနှစ်က ကျွန်မ လုပ်ခဲ့မိတယ်” လို့ သူမက ဆိုပါတယ်။ Michelle Rodriguez ဟာ Ibiza လိုနေရာ မျိုးမှာ မင်းသား Zac Elfron ၊ ဗြိတိန် မော်ဒယ်လ် Cara Delevingne တို့နဲ့ အတူ ပါတီပွဲ ကျင်းပခဲ့တဲ့ အတွက် ၂၀၁၄ ခုနှစ်မှာ ခေါင်းစီး သတင်းနေရာက ပါလာခဲ့ ဖူးပါတယ်။ “ကျွန်မဟာ ဘာမှ မဟုတ် သလို ခံ စားခဲ့ရတယ်။ ကျွန်မ အသက် ရှင်နေတယ် ဆိုတာ သိနိုင်မယ့် အရာတွေ ကျွန်မ လုပ်ခဲ့တယ်။ ကျွန်မ ခရီးတွေ သွားခဲ့တယ်။
ကျွန်မ လိင်ဆက် ဆံခဲ့တယ်။ ကျွန်မ ခံစားနေရ တဲ့ အရာတွေ အားလုံးကို လစ်လျူ ရှုနိုင်အောင် ကျွန်မ ကြိုးစားခဲ့တယ်လို့” Rodriguez ကဆိုပါတယ်။ Rodriguez ဟာ Paul Walker သေဆုံး မှု ကို မေ့ဖျောက်နိုင် ဖို့ အတွက် လ ပေါင်းများစွာ အချိန်ဖြုန်းခဲ့ ရတယ်လို့ ဆိုပါတယ်။ 7 ဇာတ် လမ်း ကတော့ ဧပြီလ ၃ ရက်နေ့မှာ စတင် ရုံတင်ပြသ သွားမယ်လို့ သိရပါတယ်။ 


Credit : http://www.starpulse.com/news