Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Pharrell Williams က Marvin Gaye ရဲ့ သီချင်းကို ကူးချထားခြင်း မဟုတ်ဟု ငြင်းဆိုခဲ့!

Pharrell Williams က Marvin Gaye ရဲ့ သီချင်းကို ကူးချထားခြင်း မဟုတ်ဟု ငြင်းဆိုခဲ့!

| No comment

Pharrell Williams က ဗုဒ္ဓဟူးနေ့က တရားရုံးမှာ သူရဲ့  နာမည်ကျော် သီချင်း ဖြစ်တဲ့ Robin Thicke ရဲ့ “ Blurred Lines “ ဟာ Marvin Gaye ရဲ့ သီချင်း “Got To Give It Up “ ကို စဉ်းစားမိခဲ့ခြင်း မရှိကြောင်း သက်သေ ထွက်ဆို သွားခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်က နာမည်ကြီး ခဲ့တဲ့ အဆိုတော်နှင့် သီချင်း ထုတ်လုပ်သူ Gaye ရဲ့သားသမီးဖြစ်သူတွေဟာ “ Blurred Lines “ သီချင်းမှာ Williams နဲ့ Thicke တို့ဟာ သူတို့အဖေရဲ့ နာမည်ကျော် သီချင်းကို ကူးချ ခဲ့တယ်လို့ စွပ်စွဲ ခဲ့ကြပါတယ်။
 မိသားစုဟာ အနေနဲ့ သီချင်း ရဲ့ အမြတ်ငွေထဲက ဒေါ်လာ ၁၆ မီလီယံ နဲ့အတူ Thicke ရဲ့  နယ် လှည့်ဖျော်ဖြေမှု ၀င်ငွေတွေမှ လည်း ရသင့် တယ်လို့ ယုံကြည်နေကြပါတယ်။ Williams ဟာ Los Angeles တရားရုံးမှာ “ ကျွန်တော့်အနေနဲ့ ၇၀ ခုနှစ်နောက်ပိုင်း ခံစားချက်တွေ ကို ဆက်သွယ်ပေး မိ တာ ဖြစ် ပါလိမ့် မယ် “ ဟုဆိုကာ သီချင်းကို ကူးယူခဲ့ခြင်း မဟုတ်ကြောင်း ငြင်းပယ် ထွက် ဆိုခဲ့ ပါတယ်။ Williams က စာနယ်ဇင်း သမားတွေကို စတူဒီယိုထဲမှာ သူဟာ Marvin Gay သူတို့ e လို ဟန်ဆောင် ခဲ့ကြောင်း အသိပေးပြော ကြားခဲ့ ပါသေးတယ်။ 
သူရဲ့သီချင်းဟာ Gaye ရဲ့ သီချင်းစတိုင် ကို ပြန်လည် သတိရစေတဲ့ အကြောင်းလည်း ရှင်းလင်းပြော သွား ပါ သတဲ့။ သူ အရွယ်ရောက်တဲ့ အချိန်မှာ Gaye ရဲ့ သီချင်းတွေကိုလည်း နားထောင်ခဲ့ကြောင်း၊ သူရဲ့  ဂီတ အနုပညာ ကို အလွန်လေးစားကြောင်း ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က Thicke  ဟာ သူရဲ့ အင်တာဗျူး အစီအစဉ်မှာ အရက်အလွန် အကျွံသောက်ထားပြီး သီချင်းရေးစပ် သီကုံးရာမှာ ပါဝင်မှုအပေါ် လိမ်ညာပြောဆိုခဲ့ပါတယ်။


Credit : http://www.starpulse.com/news