Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / တောင်အာဖရိက Rapper တစ်ယောက်ဖြစ်တဲ့ Flabba အသတ်ခံရပြီးသေဆုံး

တောင်အာဖရိက Rapper တစ်ယောက်ဖြစ်တဲ့ Flabba အသတ်ခံရပြီးသေဆုံး

| No comment

တောင်အာဖရိက Rapper တစ်ယောက်ဖြစ်တဲ့ Flabba ဟာ သူ့ရဲ့ တောင်အာဖရိက နိုင်ငံ Alexandra မြို့ က နေ အိမ်မှာ တနင်္လာနေ့ မနက်ကပဲ အသတ် ခံရပြီးသေဆုံး သွား ခဲ့ ပါ တယ်။ ပြည်တွင်း မှာ အကျော် ကြားဆုံး အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ Flabba ရဲ့ အသတ်ခံရမှု အတွက် သူ့ရဲ့  ချစ်သူကောင် မလေးဖြစ် တဲ့ Sindiswe Precious Manqele ဟာ သံသယရှိသူ အဖြစ် အဖမ်း ခံထားရပါတယ်။
အသက် ၂၅ နှစ် အ ရွယ် ရှိပြီဖြစ်တဲ့ Manqele ဟာ ကိုယ့်ကိုကိုယ် ကာကွယ်တာဖြစ်တယ်လို့တော့ ဆိုထားပါတယ်။
Times Live သတင်းဌာန ရဲ့ ဖော်ပြချက် အရ Flabba ဟာ နှလုံးကို ဓါးနဲ့ အထိုးခံ ခဲ့ရတာဖြစ်ပြီး သူသေဆုံး ချိန်မှာ သူ့ရဲ့  ညီလည်း သူနဲ့ အတူရှိနေခဲ့ တယ်လို့ သိရပါတယ်။ သူ့ရဲ့  ညီ ကပြောကြား ခဲ့တာတော့ Flabba မသေဆုံး ခင်မှာ သူတို့ သမီးရည်းစား ၂ ယောက်ဟာ စကားများ ရန်ဖြစ်ခဲ့ ကြတယ်လို့လည်း သိရပါတယ်။ 
Flabba ဟာ ၁၉၉၆ မှာ ဖွဲ့  စည်းခဲ့ပြီး တောင်အာဖရိက မှာ ဆုရထားတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Skwatta Kamp ဆိုတဲ့ အဖွဲ့မှ အဖွဲ့  ၀င် တစ်ယောက်ဖြစ်ပါတယ်။ သူတို့ အဖွဲ့ ဟာ uMoya နဲ့ Clap Song ဆိုတဲ့ သီချင်းတွေ နဲ့အောင်မြင် ခဲ့ပြီး သူတို့ဟာ လမ်းပေါ်က ဘန်း စကားတွေနဲ့ ကာရန်တွေကို ရွတ်ဆိုခဲ့တဲ့ အ တွက် ကျော် ကြား ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။


Credit :  http://www.starpulse.com/news