Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Ryan Phillippe နဲ့ Reese Witherspoon တို့ရဲ့ ကွာရှင်းပြတ်စဲရခြင်းရဲ့ တစ်ကယ့် အဖြစ်မှန်ကဘာလဲ?

Ryan Phillippe နဲ့ Reese Witherspoon တို့ရဲ့ ကွာရှင်းပြတ်စဲရခြင်းရဲ့ တစ်ကယ့် အဖြစ်မှန်ကဘာလဲ?

| No comment

Ryan Phillippe ဟာ မကြာသေးခင်ကပဲ Larry King နဲ့အတူတူ သူ့ရဲ့ ABC စီးရီး “ လျှို့ ဝှက်ချက်နဲ့ လိမ်ညာမှုများ” အကြောင်းဆွေးနွေး စဉ်က သူနဲ့ သူ့ရဲ့ဇနီးဟောင်းဖြစ်သူ Reese Witherspoon တို့ရဲ့ ဆက်ဆံရေးကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ သူတို့စုံတွဲဟာ ကလေးနှစ်ယောက်ဖြစ်တဲ့ ၁၅နှစ် အရွယ်သမီးကြီး Ava နဲ့ ၁၁နှစ် အရွယ်သားငယ် Deacon တို့ကို ကျွေးမွေးစောင့်ရှောက်ဖို့ ကြိုးစားရင်း သဘောထား မတိုက်ဆိုင်မှုတွေ ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ 
သူတို့ နှစ်ဦးရဲ့ လက်ထပ်မှုကို ဘာတွေက ကွာရှင်းပြတ်စဲစေခဲ့ တယ်ဆိုတာကို အရိပ် အမြွက် အဖြစ် ပြော သွားခဲ့ပါသေးတယ်။ “ ကျွန်တော့် အထင် အဓိကပြဿ  နာ ကတော့ ခင်ဗျားသိတဲ့ အတိုင်းပဲ ကျွန်တော်တို့နှစ်ယောက်လုံး အရမ်းငယ်သေးတဲ့ အချိန်ဆိုတော့ ပြဿ     နာတွေကို ပေါ်ပေါက် လာစေတာပေါ့။ ဒီလောက ကပဲ ဖြစ်တဲ့ အတွက် အပြင် ပတ်ဝန်းကျင် ကောလဟာလ သံတွေကလည်း ဆူညံနေခဲ့တာလေ လို့ သူကဆိုပါတယ်။Phillippe အသက် ၂၅ နှစ်မှာ ၂၃ နှစ်အရွယ် Witherspoon နဲ့လက်ထပ်ခဲ့တာဖြစ်ပြီး ၈ နှစ်အကြာမှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ 
အခုဆိုရင် Phillippe ဟာ အသက် ၄၀ဖြစ်ပြီး ရည်းစားဟောင်းဖြစ်သူ Alexis Knapp နဲ့ ၃နှစ် အရွယ် သမီး ကလေး တစ်ယောက် ရရှိထားသူဖြစ်ပါတယ်။ သူဟာ မျက်နှာများတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတဲ့ ထင်ပေါ်ကျော်ကြားမှု အကြောင်း မေးမြန်း တဲ့ အခါ မှာတော့ ငွေကြယ်ပွင့်က “ ကျွန်တော်က သာမန် လူတွေလိုပါပဲ။
တစ်ကယ့်ကို ဂရုစိုက်တတ်တဲ့ အဖေ တစ်ယောက်ဖြစ် သလို အလုပ်တွေလည်း အများ ကြီး လုပ်နေရတဲ့ အတွက် Hollywood က ခပ်မိုက်မိုက်ကောင်လေး တစ်ယောက် လိုနေဖို့ အချိန်တွေ အများကြီး မရှိပါဘူး “ လို့ဖြေကြားသွားပါသတဲ့။ Phillippe ဟာ မင်းသမီး Abbie Cornish နဲ့လည်း တွဲခဲ့ဖူးပါတယ်။ Witherspoon ဟာလည်း Talent agent  Jim Toth နဲ့ လက်မထပ်ခင်က Jake Gyllenhaal နဲ့ တွဲ ခဲ့တာဖြစ်ပါတယ်။ သူတို့မှာ Tennessee လို့ခေါ်တဲ့ ၂ နှစ်အရွယ် သားလေး တစ်ယောက် လည်း ရှိပါသတဲ့။ 


Credit : http://www.starpulse.com/news